Connect with us

Science & Technology

ရန်ကုန်မိုးပျံရထားလမ်းစီမံကိန်း၂၀၂၁ ခုနှစ်တွင် စတင် ဆောင်ရွက်မည်

ရန်ကုန်မြို့ပတ်ရထားစီးသူတစ်ချို့ အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၅ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း တည်ဆောက်မည့် ရန်ကုန်မိုးပျံရထားလမ်းစီမံကိန်း ကို လှိုင်သာယာဘူတာမှ လှိုင်မြစ်ကိုဖြတ်ပြီး ရန်ကုန်အရှေ့ပိုင်း ပါရမီဘူတာအထိ ဆက်သွယ်ဖောက်လုပ်မည်ဖြစ်ကာ ၂၀၂၁ ခုနှစ်တွင် စတင် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံကိန်းကို ၂၀၂၇ ခုနစ်တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း ၊ထိုမိုးပျံစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော် ကုန်ကျမည် ဖြစ်ပြီး ဘူတာရုံ ၁၃ ခု၊ ဘူတာရုံများတွင် ပါဝင်မည့် ဓာတ်လှေကား၊ လက်မှတ်ရုံ၊ စြင်္ကံ၊ နားနေဆောင်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

လှိုင်သာယာဘူတာမှ ရန်ကုန် – ပုသိမ်ကားလမ်းအတိုင်းသွား၍ ဘုရင့်နောင် တံတားတောင်ဘက်ခြမ်းမှ လှိုင်မြစ်ကို ဖြတ်ကာအုတ်ကျင်းဘူတာမှ ပါရမီလမ်းအတိုင်း မရမ်းကုန်း၊ ရန်ကင်း၊ တောင်ဥက္ကလာ၊ တိုးကြောင်ကလေးဘူတာအထိ လည်းကောင်း၊ ယင်းအပြင် ဒလမှ မင်္ဂလာဒုံအထိ လည်းကောင်း ပြေးဆွဲရန် စီစဉ်ထားကြောင်း မြန်မာ့အလင်းသတင်းစာတွင်ပါရှိသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117