ကင်ရှာဆာ ၊ စက်တင်ဘာ ၂၅ ရက်(ဆင်ဟွာ) ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့ပိုင်း North Kivuပြည်နယ်တွင် ယခုတစ်ကြိမ်ဖြစ်ပွားသည့် အီဘိုလာရောဂါကြောင့် သေဆုံးသူသည် လက်ရှိအချိန်ထိဆိုလျှင် ၁၀၀ ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ စက်တင်ဘာ ၂၄ ရက်က ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။
ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) တောင်အာဖရိက သမ္မတဟောင်း၏ နှစ် ၁၀၀ ပြည့်မွေးနေ့အား ဂုဏ်ပြုသောအားဖြင့် နယ်လ်ဆင်မင်ဒဲလား (Nelson Mandela) ရုပ်တုအား ကုလသမဂ္ဂရုံးချုပ်တွင် စက်တင်ဘာလ ၂၄ ရက်က ထုတ်ဖော်ပြသခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ဈေးများဌာနကွပ်ကဲမှုအောက်ရှိ ဈေးများတွင် အငှားချထားသည့် ဈေးဆိုင်ခန်းမျာအား ဂိုဒေါင်သဖွယ် အသုံးပြုနေခြင်းအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နေကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။
ဟနွိုင်း၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း Thai Nguyen ပြည်နယ် တွင် စက်တင်ဘာ ၂၅ ရက် နံနက်အစောပိုင်းက မိသားစုတစ်ခု မှ မိသားစုဝင် ၃ဦး ဓားထိုးသတ်ခံရပြီး အနီးအနားတွင် နေထိုင်သူ ၄ဦး လည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း...
ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) မြန်မာ့ လက်ရွေးစင်ဘောလုံးအသင်းနှင့် တောင်အမေရိက အသင်းတစ်သင်းဖြစ်သည့် ဘိုလီးဗီးယား လက်ရွေးစင်ဘောလုံးအသင်းတို့ ရန်ကုန်မြို့တွင် ခြေစမ်းပွဲကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊မဲဇာချောင်းအတွင်းမှ တရားမဝင်သစ် ၂၈ တန်ကျော် ဖမ်းမိခဲ့ကြောင်း သစ်တောဦးစီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အော်ဂဲနစ်စိုက်ပျိုးရေးအား ကဏ္ဍတစ်ရပ်အနေဖြင့် စီမံချက်ချဆောင်ရွက်ရန် တိုက်တွန်းကြောင်းအဆိုအား ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး အဋ္ဌမနေ့တွင် ကော့မှူးမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းအောင်ကတင်သွင်းခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်းများအသင်းချုပ် တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် အဆိုပါအသင်းချုပ်မှ တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီးအတွင်း AEON Mall ကုန်တိုက်(၄)ခု တည်ဆောက်ဖွင့်လှစ်မည့် အစီအစဉ်များနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သတင်းထုတ်ပြန်သည်။
မနီလာ၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း တွင် စက်တင်ဘာ ၂၅ ရက် က အင်အား ၄.၆ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ မီးတောင် နှင့် ငလျင်ဌာနကပြောကြားခဲ့သည်။
ဝါရှင်တန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန သည် မဒါဂတ်စကာနိုင်ငံ တွင် ယခင်တစ်ပတ်က အမေရိကန် သံတမန်တစ်ဦးသေဆုံးကြောင်း စက်တင်ဘာ ၂၄ ရက်တွင် အတည်ပြုပေးခဲ့ကြောင်း သိရသည်။