Connect with us

Asia

ဘန်ကောက်မြို့၌ ယာဉ်ကြောပိတ်ဆို့မှု နှင့် လေထုညစ်ညမ်းမှုကို လျော့ချရန် ကားအသုံးမပြုရေးနေ့သတ်မှတ်ရန်ရှိ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ လယ်၌ ညပိုင်း ယာဉ်ကြောပိတ်ဆို့ မှု မြင်ကွင်းတစ်ခုကို တွေ့ ရစဉ် (ဆင်ဟွာ)

ဘန်ကောက် ၊ စက်တင်ဘာ ၁၂ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်စီမံခန့်ခွဲမှုအဖွဲ့(BMA) က ယာဉ်ကြောပိတ်ဆို့မှု နှင့် လေထုညစ်ညမ်းမှု လျော့ချရေး နှင့် စွမ်းအင်ချွေတာရေးအတွက် လာမည့် စက်တင်ဘာ ၂၂ ရက်ကို ဘန်ကောက်မြို့၏ ကားအသုံးမပြုရေးနေ့အဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ဘန်ကောက်မြို့တော် ဒုတိယအုပ်ချုပ်ရေးမှူး Sakoltee Phattiyakul က စက်တင်ဘာ ၁၁ ရက်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ဘန်ကောက်မြို့ကားမသုံးစွဲရေးနေ့သည် ကမ္ဘာ့ကားမသုံးစွဲရေးနေ့နှင့် တစ်ရက်တည်း တိုက်ဆိုင်စွာ ထပ်တူကျ လျက်ရှိကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ကားအသုံးမပြုရေးနေ့တွင် ကမ္ဘာ့နိုင်ငံပေါင်းများစွာ၌ ၎င်းတို့၏ ကားများကို အနားပေးရန် သုံးစွဲခြင်းမပြုဘဲ ယင်းအစား အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးယာဉ်များဖြင့်သာ သွားလာကြကြောင်း Sakoltee က ဆိုသည်။

ဘန်ကောက်မြို့၌ ယာဉ်ကြောပိတ်ဆို့မှုပြဿနာများစွာ ကြုံတွေ့နေရသဖြင့် ဘန်ကောက်မြို့တော် စီမံခန့်ခွဲမှုအဖွဲ့(BMA) က ကားမသုံးစွဲရေးနေ့ကို မဖြစ်မနေ သတ်မှတ်ရန်လိုအပ်ကြောင်း ၎င်းက ဆိုသည်။

“ ဘန်ကောက်မြို့တော်မှာ မော်တော်ယာဉ်တွေ သိပ်ကို များပြားလွန်းနေတဲ့အတွက် မြို့တော်စီမံခန့်ခွဲမှုအဖွဲ့က ယာဉ်ကြောရှင်းလင်းရေး နဲ့သယ်ယူပို့ဆောင်ရေး အစီအစဉ်ကို ရေးဆွဲခဲ့ပါတယ်။ ဒါပေမယ့် လမ်းပေါ်မှာ ကားတွေနဲ့ပြည့်နှက်နေတုန်းပါပဲ” ဟု Sakoltee က ဆက်လက်ပြောကြားခဲ့သည်။

၎င်းက ကမ္ဘာ့မြို့ကြီးများတွင် သယ်ယူပို့ဆောင်ရေးစနစ်သည် ဖွံ့ဖြိုးတိုးတက်လျက်ရှိကြောင်း နှင့် ယာဉ်ကြောပိတ်ဆို့မှုအခက်အခဲများကို အောင်မြင်စွာ ဖြေရှင်းခဲ့ကြောင်း ဆိုသည်။

ဘန်ကောက်မြို့တွင်နေထိုင်သူများအနေဖြင့် ကိုယ်ပိုင်ကားအသုံးပြုခြင်းထက် အများပြည်သူသုံး ပို့ဆောင်ရေးစနစ်များ( ဘတ်စ်ကား+ရထား) ကို ပိုမိုသုံးစွဲရန် တိုက်တွန်းထားပြီး ဘန်ကောက်မြို့တော်စီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် ပြည်သူများ စက်ဘီးစီးနင်း၍ သွားလာခြင်းကို တွန်းအားပေးလျက်ရှိကြောင်း သိရသည်။

ဘန်ကောက်ကားအသုံးမပြုရေးနေ့လှုပ်ရှားမှုမှတစ်ဆင့် ကိုယ်ပိုင်ကားအသုံးပြုသူများအနေဖြင့် လောင်စာဆီချွေတာရေးအတွက် ၎င်းတို့၏ သွားလာမှုပုံစံကို ပြောင်းလဲပစ်ရန် နှင့် ကမ္ဘာကြီးပူနွေးလာခြင်း အကျိုးသက်ရောက်မှုကို လျော့ချရန်မျှော်လင့်ကြောင်း BMA ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.