Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ဒေသကာလပေါက်ဈေးငွေကျပ် ၁၉၅၀ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူအား သက်သေခံပစ္စည်းများ နှင့် အတူတွေ့ရစဉ် (ဓာတ်ပုံ--CCDAC)

ရန်ကုန်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ဒေသကာလပေါက်ဈေးငွေကျပ် ၁၉၅၀ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးသုံးစွဲမှုထိန်းချုပ်ရေး ဗဟိုကော်မတီ က ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၁ ရက် ၀၅း၃၀ နာရီ တွင် မောင်တောခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ မောင်တောမြို့၊ မြို့မကညင်တန်းကျေးရွာနေ အဘူကာဆိမ်း ၄၆ နှစ်၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်တွင် ၎င်းနှင့်အတူ တစ်ရွာတည်းနေ ဂူရာဆန် ၂၈ နှစ်၊ မိုဟာမတ်အီလီယက် ၂၅ နှစ်၊ ရှော်ဖီအုလ်စလင်(ခ)ဂျောလူ ၃၀ နှစ်၊ မောင်တောမြို့နယ်၊ လိပ်ရမြောက်ရွာ နေသူများဖြစ်သည့် မာမတ်အီနု ၂၂ နှစ်နှင့် ရှောင်ရှူးအာလောင် ၄၄ နှစ်တို့အားတွေ့ရှိပြီး နေအိမ်နှင့် ကားဂိုဒေါင် ကြားရှိ ရေခဲပုံးအတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွသွပ်ဆေးပြား ၉၇,၅၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၉၅၀ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

၎င်းတို့အား မောင်တောမြို့မရဲစခန်း တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိ ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.