ရန်ကုန်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားခြင်းကို တရားဝင်တားမြစ်လိုက်သည့် ဥပဒေထုတ်ပြန်ခြင်းအား ကြိုဆိုသည့် အနေဖြင့် ယနေ့ညနေ ၄ နာရီမှ ည ၁၀နာရီအထိ တောကောင်လေးတို့၏ရင်တွင်းစကားသံပွဲတော်အား မဟာဗန္ဓုလပန်းခြံတွင် ဝင်ကြေးအခမဲ့ ဂီတဖျော်ဖြေပွဲတစ်ခု အဖြစ်ကျင်းပပြုလုပ်လျက်ရှိသည်။
ရန်ကုန်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ စိတ်ကြွဆေးပြားတစ်ပြားလျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်းတန်ဖိုး ၁,၉၅၀,၀၀၀,၀၀၀ ကျပ်)စိတ်ကြွဆေးပြား ၉၇၅,၀၀၀ ပြား ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ ဖယ်ခုံ၊ ပင်လောင်း၊ ဟိုပုန်းနှင့် ဆီဆိုင်မြို့နယ်တို့၌ ဘိန်းခင်းများအား ဖျက်ဆီးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ သိပ္ပံ နှင့် နည်းပညာ ဝန်ကြီးဌာန ၏ ဦးစီးဆောင်ရွက်မှု ဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံများ အား နည်းပညာ ကူညီဆောင်ရွက်မှု တစ်ခု ဖြစ်သော “အရှေ့တောင်အာရှ အပူပိုင်း ဒေသ အဓိက...
ဆိုးလ်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံတို့သည် အားကစားဆွေးနွေးပွဲများအား နိုဝင်ဘာလ ၂ ရက်တွင် စီစဉ်ထားသည့်အတိုင်း စတင်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ မီဒီယာမှ စုပေါင်းထုတ်ပြန်သော သတင်းအရ သိရသည်။
တိုကျို၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း Kii ကျွန်းဆွယ်ရှိ ဝါကာရာမစီရင်စု ၌ ကနဦးတိုင်းထွာချက်များအရ အင်အား ၅.၄ပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသဌာနက နိုဝင်ဘာ ၂ရက်တွင်ပြောကြားခဲ့သည်။
ရန်ကုန် ၊ နိုဝင်ဘာ ၂ ရက်(ဆင်ဟွာ) တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ ရှန်ဟိုင်းမြို့၌ ပထမဆုံး အကြိမ် ကျင်းပမည့် တရုတ် နိုင်ငံတကာ သွင်းကုန် ပြပွဲ (China International Import Expo= CIIE) မှတဆင့် ပို့ကုန်များ တိုးမြှင့်လာစေရန် မြန်မာနိုင်ငံမှ မျှော်လင့် ကြောင်း...
ရန်ကုန်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) (၁၉)ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံ က ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် နေပြည်တော်တွင် လက်ခံကျင်းပသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းတွင် နောက်(၄၈)နာရီအတွင်း လေဖိအားနည်းရပ်ဝန်း တစ်ခု ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
အာမန်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) ဂျော်ဒန်နိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ရေလွှမ်းမှု၍ လူ ၂၁ ဦးသေဆုံးမှုဖြစ်ပွားပြီးနောက် လူထုဖိအားများမှုကြောင့် နိုဝင်ဘာလ ၁ ရက်တွင် ဝန်ကြီးနှစ်ဦး ရာထူးမှနုတ်ထွက်လိုက်ကြောင်း သိရသည်။