Connect with us

Asia

ဘင်္ဂလားဒေရှ့်နိုင်ငံတွင် သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ၂၃ ဦးထိရှိ


ဒါကာ၊ သြဂုတ် ၇ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေရှ့်နိုင်ငံ၌ ဇန်နဝါရီလမှ စတင်ဖြစ်ပွားခဲ့သော သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူ အရေအတွက်သည် ၂၃ ဦးထိ မြင့်တက်လာကြောင်း ကျန်းမာရေးလုပ်ငန်းများညွှန်ကြားရေးမှူးချုပ်ရုံး(DGHS) က သြဂုတ် ၆ ရက်က ထုတ်ပြန်သော သတင်းအရ သိရသည်။

သွေးလွန်တုပ်ကွေးရောဂါကြောင့် ဧပြီလတွင် ၂ ဦး၊ ဇွန်လတွင် ၃ဦး၊ ဇူလိုင်လတွင် ၁၅ ဦးနှင့် သြဂုတ်လတွင် ၃ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဇူလိုင်လအတွင်း ခြင်မှတစ်ဆင့် ရောဂါကူးစက်မှုဖြစ်ပွားမှု ဖြစ်ပွားသူ ၁၆,၂၅၃ ဦးရှိခဲ့ပြီးနောက် တုပ်ကွေးရောဂါဟု သတ်မှတ်ခံရသူ ၁၁,၄၅၁ ဦး ရှိခဲ့ရာ အဆိုပါ ရောဂါဖြစ်ပွားမှုသည် ယခင်နှစ်ထက် အရေအတွက် ပိုမိုများပြားနေကြောင်း ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ DGHSက ထုတ်ပြန်သော စာရင်းဇယားများအရ သိရသည်။

ဘင်္ဂလားဒေရှ့်၌သွေးလွန်တုပ်ကွေးဖြစ်ပွားသူများအားတွေ့ရစဉ်(ဆင်ဟွာ)

၂၀၁၈ ခုနှစ် ဇူလိုင်လတွင် ရောဂါဖြစ်သူ ၁၀,၁၄၈ ဦး၌ သွေးလွန်တုပ်ကွေးရောဂါ ၉၄၆ မှုဖြစ်ပွားပြီး ၂၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၂၃၄၈ ဦးတွင် ဒါကာမြို့မှ ၁၂၈၄ ဦး ပါဝင်ကြောင်း DGHS၏ သြဂုတ် ၆ရက် နံနက် ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။(Xinhua)