Connect with us

Environment, Disasters & Accidents

တိုင်းဒေသကြီး နှင့် ပြည်နယ် အနှံအပြားတွင် ဇူလိုင်လ အတွင်းဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုကြောင့် လူ ၃ ဦးသေဆုံး

ကရင်ပြည်နယ်ရှိ ရေကြီးရေလျှံမှု တစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ သြဂုတ် ၇ ရက် (ဆင်ဟွာ)

တိုင်းဒေသကြီး နှင့် ပြည်နယ် အနှံ့အပြားတွင် ဇူလိုင်လ အတွင်းဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုကြောင့် လူ ၃ ဦးသေဆုံးခဲ့ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ၊မှ ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ဆင်ဟွာကိုပြောကြားခဲ့သည်။

ဒေါ်ဖြူလဲ့လဲ့ထွန်းက “ဇူလိုင်လ ကစပြီး တိုင်းနဲ့ ပြည်နယ် ၉ ခုလောက်မှာ ရေကြီးရေလျှံတာတွေ ဖြစ်တယ်။ ကချင်ပြည်နယ်မှာ ၁ ယောက်၊ မကွေးတိုင်းဒေသကြီး မှာ ၂ယောက်သေဆုံးသူရှိတယ်။ ထိခိုက်ဒဏ်ရာရသူတော့ မရှိဘူး။’’ ဟုပြောခဲ့သည်။

စစ်တောင်းမြစ်ရေသည် ပဲခူးတိုင်းဒေသကြီး၊ မဒေါက်မြို့တွင် (၅)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး လက်ရှိရေမှတ်မှ နောက်(၂)ရက်အတွင်း (၁)ပေခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သြဂုတ်၇ရက်တွင် သတင်းထုတ်ပြန်သည်။

ရွှေကျင်မြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ

သြဂုတ်၇ရက် မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ ရွှေကျင်မြစ်ရေသည် ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့တွင် (၄)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး လက်ရှိရေမှတ်မှ နောက်(၂)ရက်အတွင်း (၁)ပေခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

မြစ်ရေခန့်မှန်းချက်ဇယားအားတွေ့ရစဉ် (ဓာတ်ပုံ–မိုးဇလ)

သံလွင်မြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ

သြဂုတ်၇ရက် မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ကရင်ပြည်နယ် ဘားအံမြို့တွင် (၂)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး လက်ရှိရေမှတ်မှ နောက်(၂)ရက်အတွင်း (၁)ပေခွဲခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

သောင်ရင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ

သြဂုတ်၇ရက် မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ သောင်ရင်းမြစ်ရေသည် ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ပေဝက်ခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက်(၁)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ကြောင်း သိရသည်။

ငဝန်မြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ

ယခုအခါ ငဝန်မြစ်ရေသည် ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့တွင် ပေဝက်ခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး လက်ရှိရေမှတ်မှ နောက်(၂)ရက်အတွင်း ပေဝက်ခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

ဘီးလင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ

ဘီးလင်းမြစ်ရေသည် မွန်ပြည်နယ်၊ ဘီးလင်းမြို့တွင် ပေဝက်ခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက်(၁)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားရေးမှူးဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက “ မဒေါက်မြို့၊ ရွှေကျင်မြို့နယ်၊ ဘားအံမြို့နယ်၊ သာပေါင်းမြို့နယ်နှင့် ဘီးလင်းမြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေနဲ့ ရေကြီးမှုသတင်းတွေကို အမြဲစောင့်ကြည့်ပြီး အထူးသတိပြု နေထိုင်သင့်ပါတယ်။’’ ဟုဆင်ဟွာကိုပြောသည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် လည်း ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးတွင် ရေဘေးရှောင် အိမ်ထောင်စု ၃၉၀၊ လူဦးရေ ၁၈၀၀ ကယ်ဆယ်ရေးစခန်း ၃ ခု ဖွင့် ထား ကြောင်း၊ ကရင်ပြည်နယ် လှိုင်းဘွဲ့ မြို့နယ် တွင် အိမ်ထောင်စု ၂၄၀ ၊ လူဦးရေ ၁၂၀၀ ၊ ကယ်ဆယ်ရေးစခန်း ၉ ခုဖွင့်ထားကြောင်း၊ ကရင်ပြည်နယ် မြဝတီမြို့တွင် ကယ်ဆယ်ရေး စခန်း ၄ခု၊ အိမ်ထောင်စု ၃၃၇ စု၊ လူဦးရေ ၁၅၀၀ ကျော်၊ ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် ကယ်ဆယ်ရေး စခန်း ၅ခု၊ အိမ်ထောင်စု ၂၈၀ ၊ လူဦးရေ ၁၃၀၀ ကျော် ရှိကြောင်း သိရသည်။

ဒေါ်ဖြူလဲ့လဲ့ထွန်းက “လက်ရှိမှာ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး နဲ့ မွန်ပြည်နယ်တို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတယ်။ ပဲခူးတိုင်းဒေသကြီး မှာ မိုးညိုမြို့၊ကျောက်ကြီးမြို့နဲ့ ရွှေကျင်မြို့တွေမှာ ရေကြီးနေတယ်။ မွန်ပြည်နယ်၊ ဘီးလင်းမြို့မှာလည်းရေကြီးနေတယ်။’’ ဟုပြောသည်။

ရေဘေးရှောင်ပြည်သူများအနေဖြင့် လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ကယ်ဆယ်ရေးစခန်းများသာမက ဆွေမျိုးအိမ်များသို့ ပြောင်းရွှေ့နေထိုင်နေရသူများလည်းရှိကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ရေဘေးရှောင်ပြည်သူများ အတွက် ဆန်ရိက္ခာ ထောက်ပံ့ခြင်း၊ ပျက်စီးသွားသည့် အိမ်များအတွက် အိမ်ဆောက်ပစ္စည်း ထောက်ပံ့ခြင်း သေဆုံး သူများ အတွက် ထောက်ပံ့ခြင်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.