Connect with us

Environment, Disasters & Accidents

တရုတ်တိုင်ပေတွင် ပြင်းအား ၆.၄ ပမာဏရှိသော ငလျင်လှုပ်ခတ်

ငလျင်လှုပ်ခတ်မှုကြိမ်နှုန်းပြပုံအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

တိုင်ပေ၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

တရုတ်တိုင်ပေ အရှေ့ပိုင်း ယိလန်နယ်မြေတွင် သြဂုတ်လ ၈ ရက် နံနက် ၅း၂၈ နာရီက အင်အား ၆.၄ ပမာဏရှိသော ငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။

ငလျင်ကြောင့် တိုင်ပေရှိ အဆောက်အဦများမှာ ၁၀ စက္ကန့်ခန့် တုန်ခါသွားခဲ့ကြောင်း၊ သေဆုံးသူများ မရှိကြောင်း သိရသည်။

အဆိုပါ ငလျင်မှာ မြောက်လတ္တီကျု ၂၄.၅၂ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၁၂၁.၉၆ ဒီဂရီ၊ မြေအောက်အနက် ၃၀ ကီလိုမီတာအား ဗဟိုပြုကာလှုပ်ခတ်ခဲ့ကြောင်း တရုတ်ငလျင်ကွန်ရက်စင်တာက ပြောခဲ့သည်။ (Xinhua)