မနီလာ၊ ဇူလိုင် ၂၃ ရက်(ဆင်ဟွာ) မူးယစ်မှုစသည့် ဆိုးဝါးသော ပြစ်ဒဏ်ကျူးလွန်မှုများကို တိုက်ဖျက်ရန် လွှတ်တော်က သေဒဏ်ကိုပြန်လည်အသက်သွင်းရန် အမြန်ဆုံး အတည်ပြုပေးစေလိုကြောင်း ဖိလစ်ပိုင်နိုင်ငံ သမ္မတ ဒူတာတေးက ဇူလိုင် ၂၂ ရက် နှစ်စဉ် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်ဟု သိရသည်။
ကိုလံဘို ၊ ဇူလိုင် ၂၃ ရက်(ဆင်ဟွာ) သီရိလင်္ကာ နိုင်ငံ သမ္မတ Maithripala Sirisena က အရေးပေါ် အခြေအနေအား ဇူလိုင် ၂၂ ရက်တွင် သက်တမ်း တိုးမြှင့်ခဲ့ကြောင်း ၊ နိုင်ငံတွင် လုံခြုံရေး အခြေအနေ အရ နောက်လ အထိ စဉ်းစား...
ရန်ကုန်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင် ရောက်လာမှုကြောင့် အခြေခံပညာကျောင်း(၅၈)ကျောင်း ယာယီပိတ်ထားကြောင်း ပြန်ကြားရေးဝနကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဝါရှင်တန် ၊ ဇူလိုင် ၂၃ ရက်(ဆင်ဟွာ) မုဒိန်းမှုဖြင့် စွပ်စွဲခံရသည့် ဘောလုံးအကျော်အမော် ခရစ္စတီယာနိုရော်နယ်ဒိုအား ယင်းအမှုဖြင့် တရားစွဲဆိုသွားမည်မဟုတ်ကြောင်း အမေရိကန်အစိုးရရှေ့နေများက ထုတ်ပြန်ကြေညာခဲ့သည်။
ရန်ကုန် ၊ ဇူလိုင် ၂၃ ရက်(ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး နှင့် မန္တလေး တိုင်းဒေသကြီးရှိ ရေဘေးရှောင် ပြည်သူ ၁၈၈၇၃ ဦးရေ အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ ပူးပါင်းကာ ကူညီ ထောက်ပံ့မှုများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ကီးယက်ဗ်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ လက်ရှိသမ္မတ ဗိုလော့ဒီမာ ဇယ်လန်းစကီး (Volodymyr Zelensky) ၏ ပါတီသည် သတ်မှတ်အချိန်ထက်စော၍ ကျင်းပခဲ့သည့် ပါလီမန်ရွေးကောက်ပွဲတွင် ဦးဆောင်လျက်ရှိကြောင်း ယူကရိန်းနိုင်ငံ၏ ဗဟိုရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၂၂ ရက်တွင် ပြောကြားခဲ့သည်။
ဝယ်လင်တန်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ) နယူးဇီလန် အစိုးရက နိုင်ငံအတွင်း လက်နက်ထိန်းချုပ်ရေးတင်းကြပ်ရန် ကြိုးပမ်းအားထုတ်မှုများ ပိုမိုလုပ်ဆောင်သွားရန်ရှိကြောင်း ဇူလိုင်လ ၂၂ ရက်တွင် ကြေညာလိုက်သည်။
ဂျေရုဆလင် ၊ ဇူလိုင် ၂၂ ရက်(ဆင်ဟွာ) အစ္စရေး နိုင်ငံ ဂျေရုဆလင်မြို့၏ ဆင်ခြေဖုံးတွင် ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသော ပါလက်စတိုင်းလူနေအိမ်များကို အစ္စရေးတပ်ဖွဲ့က ယနေ့နံနက်အစောပိုင်းတွင် စတင်ဖြိုဖျက်နေပြီဖြစ်ကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြခဲ့သည်။
DAR ES SALAAM ၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ) တန်ဇန်းနီးယားနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော ဆင်ဟွာသတင်းအေဂျင်စီ အယ်ဒီတာချုပ် ဟဲဖိန်နှင့် တန်ဇန်းနီးယားနိုင်ငံ ပြန်ကြားရေး၊ ယဉ်ကျေးမှု၊ အနုပညာနှင့် အားကစားဝန်ကြီးဌာန ဝန်ကြီး Harrison Mwakyembe တို့သည် ဇူလိုင်လ ၂၁ ရက်က တွေ့ဆုံဆွေးနွေးပြီးနောက်...
ရန်ကုန်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ) ဧရာဝတီမြစ်ရေကြီးမြင့်တက်မှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စု(၁၇)အုပ်စု အိမ်ထောင်စု ပေါင်း(၁၁၁၈)စု လူဦးရေပေါင်း( ၄၃၆၅)ဦး၊တိရစ္ဆာန်ပေါင်း(၁၂၅၁)ကောင်တို့အား ရေလွတ်ရာကုန်းမြင့်များဖြစ်သည့် နီးစပ်ရာ ဆွေမျိုးသားချင်းအိမ်များ၊ စေတီပုထိုးများ ၊ဘုန်းတော်ကြီး များသို့ ပြောင်းရွှေ့ နေထိုင်ကြရကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။