ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီ ငါးခုအား နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ဖြင့် ယနေ့ဖွဲ့စည်းလိုက်ကြောင်းနိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ် ၂၀ ရပ်ကွက်အတွင်းယနေ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့ ညနေ ၅နာရီ၂၅ မိနစ်ခန့်တွင် တရားခံပြေးတစ်ဦးကို ရဲတပ်ဖွဲ့ဝင်များပစ်ခတ်ဖမ်းဆီးမှုဖြစ်ပွားခဲ့ပြီးလက်ရှိချိန်ထိ တရားခံ လွတ်မြောက်နေဆဲဖြစ်ကြောင်း တာဝန်ရှိ ရဲမှူးးတစ်ဦးက ဆင်ဟွာသို့ ပြောကြားသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) YBS ယာဉ်လိုင်းစနစ်တွင် ပြေးဆွဲရန် ရန်ကုန်ဘတ်စ်ကား အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် (YBPC) က ဖေဖော်ဝါရီလမကုန်မီ ဘတ်စ်ကားအစီးရေ ၃ဝ ကို ထပ်မံထည့်သွင်းရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) (၁၂)ကြိမ်မြောက် မြန်မာ-လာအို ဗဟိုအဆင့် နယ်စပ်ဒေသအာဏာပိုင်များအစည်းအဝေးကို ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်၌ ကျင်းပခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ မှုခင်းကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အသုံးပြုနိုင်ရန် ထိရောက်သော အထောက်အကူပြု ပစ္စည်းများ ဝယ်ယူအသုံးပြုရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ခွင့်ပြုရန်ပုံငွေ ချပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) ဦးနု ဒေါ်မြရီ ဖောင်ဒေးရှင်းမှ Bhagwan Mahaveer Viklang Sahayata Samaiti (BMVSS) ၊ Jaipur , အိန္ဒိယ နှင့် ပူးပေါင်းကာ မြန်မာနိုင်ငံရှိ မသန်စွမ်းများကို ခြေတုတပ်ဆင်ပေးရေးအတွက် လူမှုအကျိုးပြု လုပ်ငန်းတစ်ခုအား စတင်ဆောင်ရွက်လျက်ရှိပြီး...
ပေကျင်း၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) ကမ္ဘာ့အင်အားကြီးနိုင်ငံ ဖြစ်သော အမေရိကန်ပြည်ထောင်စု၏ သမ္မတအသစ်ပြောင်းလဲမှု က ကမ္ဘာ့နိုင်ငံအားလုံးလိုလိုသို့ပင် ဂယက်ရိုက်ခတ်စေခဲ့သည့်အကြောင်းတစ်ရပ်ဟုဆိုရမည်ဖြစ်သည်။ အမေရိကန်သမ္မတ အပြောင်းအလဲကြောင့် မိမိတို့နိုင်ငံနှင့် အင်အားကြီးနိုင်ငံ အကြား နိုင်ငံရေး၊စီးပွားရေး၊ လူမှုရေး ဆက်ဆံမှုများတွင်ပြောင်းလဲလာနိုင်မှုရှိမရှိ်၊ အမေရိကန်အစိုးရသစ် အနေဖြင့်မိမိနိုင်ငံအပေါ် သဘောထားဆက်ဆံမှုများ ပြောင်းလဲလာနိုင်မှုရှိမရှိ ကို ကမ္ဘာ့နိုင်ငံတိုင်းလိုကပင်...
ပုဂံ ၊ ဖေဖော်ဝါရီ ၁၆ ရက်(ဆင်ဟွာ) ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ဒေသရှိ သဘာဝဘေး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှု များသည့် သဗ္ဗညု ဂူဘုရားကြီးအား ရှေးမူမပျက် ပြန်လည် ပြုပြင် ထိန်းသိမ်းရန် တရုတ် ကျွမ်းကျင် ပညာရှင်များ အဖွဲ့မှ အဆိုပြုထားကြောင်း သိရသည်။
ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံတွင် သေဆုံးခဲ့သော မြောက်ကိုရီးယားနိုင်ငံမှ အမျိုးသား တစ်ဦးသည် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်း၏ အဖေတူ အမေကွဲ အစ်ကို ကင်ဂျုံနမ် (Kim Jong Nam) ဖြစ်ကြောင်း မလေးရှားနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် အာမတ်ဇာဟစ်ဟာမီဒီက ပြောကြားလိုက်ကြောင်း...
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှု အခြေအနေများနှင့် နိုင်ငံတော်အစိုးရ၏ ၂၁ ရာစုပင်လုံညီလာခံ ဆောင်ရွက်နေမှုများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေး ဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ပြုလုပ်ခဲ့သော တွေ့ဆုံပွဲ၌ နိုင်ငံတကာမှ သံတမန်များအား ရှင်းလင်းပြောကြားခဲ့သည်။