Connect with us

Asia

သီရိလင်္ကာ နိုင်ငံ သမ္မတက အရေးပေါ် အခြေအနေအား သက်တမ်းတိုးမြှင့်

သီရိလင်္ကာ နိုင်ငံရှိ လုံခြုံရေး တပ်ဖွဲ့ ဝင်များအား တွေ့ ရစဉ်(ဆင်ဟွာ)

ကိုလံဘို ၊ ဇူလိုင် ၂၃ ရက်(ဆင်ဟွာ)

သီရိလင်္ကာ နိုင်ငံ သမ္မတ Maithripala Sirisena က အရေးပေါ် အခြေအနေအား ဇူလိုင် ၂၂ ရက်တွင် သက်တမ်း တိုးမြှင့်ခဲ့ကြောင်း ၊ နိုင်ငံတွင် လုံခြုံရေး အခြေအနေ အရ နောက်လ အထိ စဉ်းစား ဆောင်ရွက်ရန် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမိန့်ပြန်တမ်းအား သမ္မတက လက်မှတ် ရေးထိုးခဲ့ပြီး အများပြည်သူ လုံခြုံရေး ၊ အများပြည်သူ ငြိမ်ဝပ်ပိပြားရေး နှင့် ကာကွယ်စောင့်ရှောက်ရေး ၊ လူ့အဖွဲ့အစည်း အတွက် မရှိမဖြစ် လိုအပ်သည့် ဝန်ဆောင်မှုများ အတွက် အကျိုးရှိစေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သီရိလင်္ကာ နိုင်ငံ သမ္မတက နိုင်ငံ အတွင်း သေဆုံးသူ ဦးရေ ၂၅၀ ကျော် နှင့် ဒဏ်ရာ ရရှိသူ ၅၀၀ ဦးရေကျော် ရှိခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှု အများအပြား ဖြစ်ပွားပြီးနောက် အရေးပေါ် အခြေအနေအား ဧပြီလ ၂၂ ရက်တွင် ကြေညာခဲ့သည်။

ယင်းအရေးပေါ် အခြေအနေအား မေ ၂၂ ရက်တွင် တစ်လ အကြာ သက်တမ်း တိုးမြှင့်ခဲ့ပြီး ဇွန် ၂၂ ရက်တို့တွင် ထပ်မံ သက်တမ်း တိုးမြှင့်ခဲ့ကြောင်း ၊ ထိုသို့သက်တမ်း တိုးမြှင့်မှုမှာ လုံခြုံရေး တပ်ဖွဲ့ဝင်များက တိုက်ခိုက်မှု နှင့် ဆက်စပ် သံသယ ရှိသူများအား ဖမ်းဆီးနိုင်ရေး နိုင်ငံ အနှံ့ စီးနင်းမှုများ ဆက်လက် ဆောင်ရွက်ရန် ဖြစ်ကြောင်း သိရသည်။

ထိုအကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွား အပြီး မကြာမီ သံသယ ရှိသူ ၁၀၀ ကျော်အား ဖမ်းဆီး ထိန်းသိမ်း ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။(Xinhua)