ရာဘတ်၊ ဧပြီ ၄ ရက်(ဆင်ဟွာ) မော်ရိုကိုနိုင်ငံ မြောက်ပိုင်းတွင် ဧပြီ ၃ ရက် နံနက်က ဆိုးဝါးသည့်ယာဉ်မတော်တဆမှု တစ်ခုဖြစ်ပွား ရာ လူ ၁၄ ဦးသေဆုံးပြီး လူ ၃၀ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ရှန်ယန်း ၊ ဧပြီ ၄ ရက်(ဆင်ဟွာ) ၁၉၅ဝ-၅၃ ခုနှစ်များတွင် ဖြစ်ပွားခဲ့သော ကိုရီးယားစစ်ပွဲအတွင်း ကျဆုံးခဲ့သော တရုတ်စစ်သားရုပ်ကြွင်း ၁ဝ လောင်းကို မြောက်ကိုရီးယားနိုင်ငံမှ မိခင်တရုတ်နိုင်ငံသို့ဧပြီ ၃ ရက်တွင် ပြန်လည်သယ်ဆောင်လာခဲ့ကြောင်း သိရသည်။
မော်စကို ၊ ဧပြီ ၄ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံရဲတပ်ဖွဲ့က မြောက်ကော့ကေးဆပ်ဒေသ Kabardino-Balkaria ပြည်နယ်တွင် အကြမ်းဖက်သမားဟု သံသယရှိသူ နှစ်ဦးကို အသေပစ်သတ်ခဲ့ကြောင်း ရုရှားအမျိုးသား အကြမ်းဖက်မှုတန်ပြန်နှိမ်နင်းရေးကော်မတီက ဧပြီ ၃ ရက်တွင် ပြောကြားခဲ့သည်။
နေပြည်တော်၊ ဧပြီ ၄ ရက်(ဆင်ဟွာ) မဟာသြင်္ကန်ကာလတွင် သွားလာမှု အဆင်ပြေစေရေးအတွက် မြန်မာ့ မီးရထားက သြင်္ကန် အထူး ရထားများနှင့် ဝန်ထမ်း အထူးရထားများ ပြေးဆွဲပေးမည် ဖြစ်ပြီး ရထားလက်မှတ်ခများအား ယခင် ဈေးနှုန်းများအတိုင်း ရောင်းချမည် ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ေရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ရန်ကုန်၊ ဧပြီ ၃ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ ကျောက်မဲမြို့၌ ၂၀၁၉ ခုနှစ်တွင် ကျင်းပမည့် မဟာသြင်္ကန်ပွဲတော် တွင် လမ်းလျှောက်သြင်္ကန်ကို ပထမဆုံးအကြိမ်အဖြစ် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဝါရှင်တန်၊ ဧပြီ ၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က လူဝင်မှုကြီးကြပ်ရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာနှင့် ပတ်သက်၍ ကွန်ဂရက်နှင့် သဘောတူညီချက် မရရှိခဲ့ပါက တောင်ပိုင်းနယ်စပ်အား ၁၀၀ ရာခိုင်နှုန်း ပိတ်ပစ်ရန် အသင့်ရှိကြောင်း ဧပြီလ ၂ ရက်တွင် သတိပေးလိုက်သည်။
ရန်ကုန်၊ ဧပြီ ၃ ရက် (ဆင်ဟွာ) သြင်္ကန်ပွဲတော်ကာလအတွင်း ယာဉ်မောင်းသူများ သတိပြုလိုက်နာရမည့် အချက်များအား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယနေ့ သတင်းထုတ်ပြန်သည်။
ကန်ဘာရာ၊ ဧပြီ ၃ ရက် (ဆင်ဟွာ) သြစတြေးလျနိုင်ငံက ပြည်ပအကူအညီဘတ်ဂျက်အား သြစတြေးလျဒေါ်လာ ၁၁၇ သန်း (အမေရိကန်ဒေါ်လာ ၈၂.၅ သန်း) ခန့် လျှော့ချသွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။
အစ္စတန်ဘူလ် ၊ ဧပြီ ၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံသည် တူရကီအစိုးရ၏ ဆန့်ကျင်ဘက်အဖွဲ့အစည်းဖြစ်သော ဆီးရီးယားကာ့ဒ်စစ်သွေးကြွများအပေါ် ထောက်ခံမှုပြုလုပ်နေလင့်ကစား တူရကီအစိုးရအား ရုရှားနိုင်ငံထံမှ S-400 လေကြောင်းရန်ကာကွယ်ရေး စနစ်ဝယ်ယူရေး အစီအစဉ်ကို စွန့်လွှတ်ရန် နှင့် အီရန်အပေါ် ပိတ်ဆို့မှုများပြုလုပ်ရေး လေ့လာမှုများပြုလုပ်သွားရန် ဖိအားပေးနေခြင်းမှာ တူရကီ-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးအတွက် အငြင်းပွားမှုများဖြင့်...
ရန်ကုန်၊ ဧပြီ ၃ ရက် (ဆင်ဟွာ) တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ဧပြီ ၁ ရက်နှင့် ၂ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။