ရန်ကုန်၊ ဇွန်၂၀ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်နှင့် ရေကြည်မြို့နယ်တို့တွင် တရားမဝင်သစ်လုံး/ခွဲသား (၄၉၅) ချောင်း အလေးချိန်အားဖြင့် (၇၈.၇၁၈၈) တန်အား တရားခံ(၁၉) ဦးနှင့်အတူ ဇွန်လ ၁၇ ရက် နှင့် ၁၈ ရက်နေ့တို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သစ်တော ဦးစီးဌာနထံမှ သိရသည်။
ရန်ကုန် ၊ ဇွန် ၂၀ ရက်(ဆင်ဟွာ) ၂၀၁၈ခုနှစ် ပေကျင်းပညာရေးပြပွဲကို ဇွန်လ ၂၀ ရက်က ရန်ကုန်မြို့Taw Win Garden Hotelတွင် ကျင်းပခဲ့ရာ တက္ကသိုလ်ကျောင်းများ၊ ပြင်ပစာသင်ကျောင်းများမှ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများ စိတ်ဝင်တစား တခဲနက်လာရောက်လေ့လာမေးမြန်းခဲ့ကြကြောင်း သိရှိရသည်။
ဟနွိုင်း၊ ဇွန် ၂၀ ရက် (ဆင်ဟွာ) လာအိုနိုင်ငံမှ ဗီယက်နမ်နိုင်ငံသို့ မူးယစ်ဆေးဝါး ကုန်ကူးလာသော အသက် ၃၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးအား ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း Quang Tri ပြည်နယ်ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ရကြောင်း သိရသည်။
နေပြည်တော်၊ ဇွန်လ ၂၀ရက် (ဆင်ဟွာ) လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတိုင်း အလှည့်ကျ အစီရင်ခံရသည့် လုပ်ငန်းစဉ်အရ မြန်မာနိုင်ငံဆိုင်ရာ သုံးသပ်မှု လုပ်ငန်းစဉ်တွင် ပါဝင်သော ကမ္ဘာ့နိုင်ငံ ၉၃ နိုင်ငံ၏ အြင်္ကပြုချက် ၂၈၁ ခုအနက် မြန်မာ နိုင်ငံက လက်ခံထားသော ၁၆၆ ချက်တို့ကို အကောင်အထည်ဖော်ရေးအတွက် နေပြည်တော်...
နေပြည်တော် ၊ ဇွန် ၂၀ ရက်(ဆင်ဟွာ) ၅၅ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲအားနေပြည်တော်ရှိမဏိရတနာကျောက်စိမ်းခန်းမတွင် ယနေ့ဇွန် ၂၀ ရက်မှ စတင် ကျင်းပမည်ဖြစ်ရာကျောက်စိမ်း၊ ကျောက်မျက် နှင့် ပုလဲအတွဲစုစုပေါင်း ၇၄၉၁ တွဲအားအိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချ သွားမည် ဖြစ်ကြောင်းသိရသည်။
ရန်ကုန်၊ ဇွန် ၂၀ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်အတွင်းတွင် မော်တော်ဆိုင်ကယ် အငှားယာဉ်(ဆိုင်ကယ် ကယ်ရီ) များ ရပ်နားနိုင်ရန် ဗိုလ်ချုပ်နေဝင်းလမ်းနှင့်မြို့မဈေးလမ်းကြားရှိ နေရာ (၂) ခုအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက ပြောသည်။
လန်ဒန်၊ ဇွန် ၂၀ ရက် (ဆင်ဟွာ) လန်ဒန်မြို့မြောက်ပိုင်း ရှိ ဘူတာရုံတစ်ခု တွင် ပေါက်ကွဲမှုအသေးစားတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇွန် ၁၉ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇွန် ၂၀ ရက် (ဆင်ဟွာ) ပဲခူးတိုင်း ဒေသကြီးအတွင်းတွင် ဆည်မြောင်း နှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ထိန်းသိမ်းထားသော ဆည်ကန် ၃၉ ခုအနက် ဆည်နှစ်ခုတွင်သာ ရေကျော်စီးဆင်းလျက်ရှိ ကြောင်းနှင့် ယင်းဖြစ်ရပ်သည် သာမန်အဆင့် သာရှိပြီး ထူးထူးကဲကဲရေကျော်သည့် အဆင့် မရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
မော်စကို၊ ဇွန် ၂၀ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်၏ ခရီးစဉ်အတွင်း ရုရှားနှင့် တောင်ကိုရီးယား တာဝန်ရှိသူများက စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ကိုရီးယားကျွန်းဆွယ်ရေး ဆွေးနွေးကြမည် ဖြစ်ကြောင်း ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Igor Morgulov က ဇွန်လ ၁၉ ရက်က ပြောကြားခဲ့သည်။
ဘန်ကောက်၊ ဇွန် ၂၀ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ က ဘုရင် မဟာဗာဂျီရာလောင်ကွန်း ၏ ဘိသိတ်ခံယူပွဲအပြီး တွင် အထွေထွေရွေးကောက်ပွဲအား ကျင်းပသွားမည်ဖြစ်ကြောင်း ဇွန် ၁၉ ရက်တွင်ပြောကြားခဲ့သည်။