ရန်ကုန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) ရန်ကုန်မြို့တော်၌၂၀၁၉ ခုနှစ် မြန်မာရိုးရာသြင်္ကန်ကာလအတွင်း လမ်းလျှောက်သြင်္ကန်ပွဲများသို့ လာရောက်လည်ပတ်သူများပြားကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရန်ကုန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) သြင်္ကန်ပွဲတော် အကြို၊ အကျနှင့် အကြတ်နေ့ သုံးရက်အတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးအရေးပေါ်ဌာနသို့ ထိခိုက်ဒဏ်ရာရရှိသူ ၅၅၅ဦးရောက်ရှိကာ သေဆုံးသူ ၅ဦးရှိကြောင်း အဆိုပါဆေးရုံကြီးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လက္ကာကျေးရွာတွင် တူမီးသေနတ် ၂ လက်နှင့် လက်ပစ်ဗုံး ၁၀ လုံး သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။
ရန်ကုန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ သြင်္ကန်ရက်များအတွင်း ကားဘီးပေါက်ပြီး ယာဉ်တိမ်းမှောက်မှုများကြောင့် လူသေဆုံး ထိခိုက်ဒဏ်ရာရရှိမှုများရှိကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
ကိဗ်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ အလယ်ပိုင်း ချာကက်စီဒေသရှိ စာသင်ကျောင်း၌ မည်သည့်အကြောင်းအရာကြောင့် မသိရသေးဘဲ ကလေးငယ် ၇၅ ဦးထက်မနည်း အဆိပ်သင့်သည့် လက္ခဏာပြခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဧပြီလ ၁၅ ရက်တွင် ပြောကြားလိုက်သည်။
ပဲရစ်၊ ဧပြီ ၁၆ ရက်(ဆင်ဟွာ) မီးအကြီးအကျယ်လောင်ကျွမ်းမှုကြောင့် ပျက်စီးသွားသည့် Notre Dameဘုရားကျောင်းကို ပြန်လည်ပြုပြင်တည်ဆောက်မည်ဟု ပြင်သစ်သမ္မတ မိုက်ခရွန်က ဧပြီ ၁၅ ရက် ညပိုင်းက အချင်းဖြစ်ပွားသောနေရာတွင် ပြောကြားခဲ့ကြောင်း သိရသည်။
ခါတွန်မ်၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ) ဆူဒန်နိုင်ငံ တောင်ပိုင်း ဒါဖာပြည်နယ်ရှိ ဒေသတွင်း ရွှေ့ပြောင်းသွားလာသူများ (IDPs) နေထိုင်ရာ စခန်းတစ်ခုအတွင်း တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၄ ဦးသေဆုံးခဲ့ကြောင်း SUNA သတင်းအေဂျင်စီက ဧပြီလ ၁၅ ရက်က သတင်းဖော်ပြခဲ့သည်။
ဆိုးလ်၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင် (Moon Jae-in) က ၎င်းအနေဖြင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန် (Kim Jong Un) နှင့် နောက်ထပ် ထိပ်သီးတွေ့ဆုံပွဲ ပြုလုပ်ရေးအတွက် တက်ကြွစွာ တွန်းအားပေးသွားမည် ဖြစ်ကြောင်း၊ မြောက်ကိုရီးယားနှင့်...
ရန်ကုန်၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ကျင်းပသည့် ချင်းတွင်းသြင်္ကန်သို့ လာရောက်သည့် လူ ၄၀ဦးခန့်တင်ဆောင်လာသော စက်လှေတစ်စီးသည် ယနေ့ နံနက် ၁၀နာရီခွဲတွင် ချင်းတွင်းမြစ်အလယ်တွင် နစ်မြုပ်တိမ်းမှောက်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
ကိုင်ရို၊ ဧပြီ ၁၅ ရက်(ဆင်ဟွာ) အာရပ်အဖွဲ့ချုပ်က ဧပြီလ ၁၄ ရက်တွင်ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ရာ၌ ၎င်းအနေဖြင့်ဆူဒန် နိုင်ငံအတွင်းနိုင်ငံရေးအသွင်ပြောင်းလဲမှုတစ်ခုဆောင်ရွက်နိုင်ရန် ဆူဒန်အသွင်ပြောင်းလဲရေးဆိုင်ရာ စစ်ဖက်ကောင်စီ ကကြေညာခဲ့သော အရေးကြီးဆောင်ရွက်ရမည့်အဆင့်များကိုထောက်ခံပါကြောင်း ဖြင့်ဖေါ်ပြသွားခဲ့ကြောင်းသိရသည်။