Connect with us

Asia

မြောက်ကိုရီးယား ခေါင်းဆောင်နှင့် ထိပ်သီးအစည်းအဝေးပြုလုပ်ရေး တွန်းအားပေးရန် တောင်ကိုရီးယား သမ္မတ ပြော

တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင် (ဝဲ) နှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန် တို့ တွေ့ဆုံစဉ် (ဆင်ဟွာ)

ဆိုးလ်၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင် (Moon Jae-in) က ၎င်းအနေဖြင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန် (Kim Jong Un) နှင့် နောက်ထပ် ထိပ်သီးတွေ့ဆုံပွဲ ပြုလုပ်ရေးအတွက် တက်ကြွစွာ တွန်းအားပေးသွားမည် ဖြစ်ကြောင်း၊ မြောက်ကိုရီးယားနှင့် အမေရိကန်နိုင်ငံအကြား ဆွေးနွေးပွဲကို ပြန်စတင်ရန် ကူညီပေးသွားမည် ဖြစ်ကြောင်း ဧပြီလ ၁၅ ရက်တွင် ပြောကြားလိုက်သည်။

“အခုက တောင်-မြောက် ထိပ်သီးအစည်းအဝေး ပြုလုပ်ရေး တက်ကြွစွာ ပြင်ဆင်ဖို့နဲ့ တွန်းအားပေးဖို့ အချိန်အခါပဲ” ဟု တောင်ကိုရီးယားနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံအကြား စတုတ္ထအကြိမ်မြောက် ထိပ်သီးအစည်းအဝေးအား ရည်ညွှန်းကာ မွန်က ၎င်း၏ အဆင့်မြင့် ဝန်ကြီးများနှင့် ပြုလုပ်သည့် ပုံမှန်အစည်းအဝေး၌ ပြောကြားခဲ့သည်။

မွန်သည် ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် တွေ့ဆုံရန် ဝါရှင်တန်သို့ သွားရောက်ပြီးနောက် ယခုကဲ့သို့ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

မွန်က ထရမ့်နှင့် ၎င်း၏ ဝါရှင်တန် တွေ့ဆုံမှုက ကင်နှင့် ထရမ့်အကြား ဒုတိယအကြိမ်မြောက် ထိပ်သီးအစည်းအဝေးပြီးနောက် မြင့်တက်လာသည့် မတည်ငြိမ်မှုများအား ဖယ်ရှားရန်နှင့် ကိုရီးယားကျွန်းဆွယ်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် မဆုတ်မနစ် တွန်းအားပေးရန် မြောက်ကိုရီးယားနှင့် အမေရိကန်အကြား ဆွေးနွေးမှုအရှိန်အဟုန်အား ပြန်လည်ထိန်းသိမ်းရန် ရည်ရွယ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117