နေပြည်တော်၊ ဧပြီ ၄ ရက်(ဆင်ဟွာ) မိုင်းကြောင့် ထိခိုက်ဒဏ်ရာ ရခဲ့သူ ၄၉၉ ဦးတို့အား ကျပ် ၉၉၈ သန်း ထောက်ပံ့နိုင်ခဲ့သည်ဟု လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးစိုးအောင်က ယနေ့ ပြောကြားခဲ့သည်။
ကိုင်ရို၊ ဧပြီ ၄ ရက် (ဆင်ဟွာ) အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် ဧပြီ ၃ ရက်၌ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုကြောင့် အဆောက်အဦတစ်လုံး ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဘန်ကောက်၊ ဧပြီ ၄ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တွင် ကားတစ်စီးပေါ်မှ ဖွက်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၅၉၆,၀၀၀ လုံးကျော် ကို မတ် ၃ရက်ကဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
တိုရန်းတို၊ ဧပြီ ၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ နှင့် မက္ကဆီကိုနိုင်ငံများသို့ မူးယစ်ဆေးဝါးများ တင်ပို့နေသည့် နိုင်ငံတကာ မူးယစ်မှောင်ခိုဂိုဏ်းတစ်ခု ကို ဖော်ထုတ်နိုင်ခဲ့ပြီး ကိုကင်း ၅၅ကီလိုဂရမ်ကို ဖမ်းဆီးသိမ်းဆည်းခဲ့ကြောင်း အွန်တာရီအို ပြည်နယ် ရဲတပ်ဖွဲ့က ဧပြီ ၃ရက်တွင်ပြောကြားခဲ့သည်။
တီဟီရန် ၊ ဧပြီ ၄ ရက်(ဆင်ဟွာ) အီရန်နိုင်ငံသမ္မတဟတ်ဆန်ရိုဟာနီက ယခုရက်ပိုင်း၌ နိုင်ငံအတွင်းဖြစ်ပွားခဲ့သည့် ရေဘေးဒဏ်ခံခဲ့ရသော ပြည်သူများအတွက် နိုင်ငံတကာ၏ ပြန်လည်ထူထောင်ရေးအကူအညီများကို အီရန်သို့ပေးပို့ခွင့်မရအောင် အမေရိကန်က တားဆီးပိတ်ပင်မှုများပြုလုပ်နေကြောင်း ဧပြီ ၃ ရက်တွင်ပြောကြားခဲ့သည်။
အန်ကာရာ ၊ ဧပြီ ၄ ရက်(ဆင်ဟွာ) တူရကီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး Mevlut Cavusoglu က တူရကီနိုင်ငံအနေဖြင့် ရုရှားထံမှ S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်ဒုံးကျည်များဝယ်ယူရေး သဘောတူညီချက်မှ နောက်ပြန်ဆုတ်မည်မဟုတ်ကြောင်း ဧပြီ ၃ ရက်တွင် ပြောကြားခဲ့သည်။
ရာဘတ်၊ ဧပြီ ၄ ရက်(ဆင်ဟွာ) မော်ရိုကိုနိုင်ငံ မြောက်ပိုင်းတွင် ဧပြီ ၃ ရက် နံနက်က ဆိုးဝါးသည့်ယာဉ်မတော်တဆမှု တစ်ခုဖြစ်ပွား ရာ လူ ၁၄ ဦးသေဆုံးပြီး လူ ၃၀ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ရှန်ယန်း ၊ ဧပြီ ၄ ရက်(ဆင်ဟွာ) ၁၉၅ဝ-၅၃ ခုနှစ်များတွင် ဖြစ်ပွားခဲ့သော ကိုရီးယားစစ်ပွဲအတွင်း ကျဆုံးခဲ့သော တရုတ်စစ်သားရုပ်ကြွင်း ၁ဝ လောင်းကို မြောက်ကိုရီးယားနိုင်ငံမှ မိခင်တရုတ်နိုင်ငံသို့ဧပြီ ၃ ရက်တွင် ပြန်လည်သယ်ဆောင်လာခဲ့ကြောင်း သိရသည်။
မော်စကို ၊ ဧပြီ ၄ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံရဲတပ်ဖွဲ့က မြောက်ကော့ကေးဆပ်ဒေသ Kabardino-Balkaria ပြည်နယ်တွင် အကြမ်းဖက်သမားဟု သံသယရှိသူ နှစ်ဦးကို အသေပစ်သတ်ခဲ့ကြောင်း ရုရှားအမျိုးသား အကြမ်းဖက်မှုတန်ပြန်နှိမ်နင်းရေးကော်မတီက ဧပြီ ၃ ရက်တွင် ပြောကြားခဲ့သည်။
နေပြည်တော်၊ ဧပြီ ၄ ရက်(ဆင်ဟွာ) မဟာသြင်္ကန်ကာလတွင် သွားလာမှု အဆင်ပြေစေရေးအတွက် မြန်မာ့ မီးရထားက သြင်္ကန် အထူး ရထားများနှင့် ဝန်ထမ်း အထူးရထားများ ပြေးဆွဲပေးမည် ဖြစ်ပြီး ရထားလက်မှတ်ခများအား ယခင် ဈေးနှုန်းများအတိုင်း ရောင်းချမည် ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ေရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။