ရီယိုဒီ ဂျနေးရိုး ၊ မေ ၉ ရက်(ဆင်ဟွာ) ဘရာဇီး နိုင်ငံ အစိုးရက ဟေတီ နိုင်ငံသို့ခွေးရူးပြန် ရောဂါ ကာကွယ်ဆေး ၇,၀၀၀ အား လှူဒါန်းခဲ့ကြောင်း မေ ၈ ရက်တွင် ကြေညာခဲ့သည်။
ပေကျင်း ၊ မေ ၉ ရက်(ဆင်ဟွာ) တရုတ်-အမေရိကန် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးသဘောတူညီမှုတစ်ခု ရောက်ရှိရန် အလွန်နီးစပ်လာချိန်တွင် အမေရိကန်က တရုတ်ထုတ်ကုန်များအပေါ် သွင်းကုန်ခွန်တိုးမြှင့်ကောက်ခံမည်ဟု ရုတ်တရက် ကြေညာမှုတစ်ရပ်ထွက်ပေါ်လာခဲ့ပေသည်။ အမေရိကန်၏ လုပ်ရပ်ပေါ် အမှန်တကယ် မကြိုဆိုကြသလို အလုပ်လည်းဖြစ်လိမ့်မည်မဟုတ်ပေ။
ကဘူးလ်၊ မေ ၉ ရက်(ဆင်ဟွာ) တာလီဘန်လက်နက်ကိုင်များက မေ ၈ ရက်တွင် အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ နိုင်ငံတကာ ကူညီထောက်ပံ့ရေးဌာနအဆောက်အဦပြင်ပ၌ အသေခံကားဗုံးခွဲတိုက်ခိုက်ရာ တိုက်ခိုက်သူ ၁ ဦး သေဆုံးပြီး လူ ၉ ဦးဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန်အစိုးရ အရာရှိက အချင်းဖြစ်ပွားသည့်နေ့တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ မေ ၉ ရက် (ဆင်ဟွာ) ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ မေလ ၁ ရက်အထိ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင် ၁၇၉ ခုထုတ်ပေးထားရှိပြီးဖြစ်ကြောင်း သိရသည်။
နေပြည်တော်၊ မေ ၉ ရက်(ဆင်ဟွာ) စားနပ်ရိက္ခာဖူလုံရေးအတွက် ငါးလုပ်ငန်း ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးသည် အလွန် အရေးကြီးကြောင်း ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်မော်က ပြောကြားသည်။
ပေကျင်း၊ မေ ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိသည် မေ ၈ ရက်က ပေကျင်းမြို့တွင် ဗြိတိန်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဝန်ကြီးချုပ်၏အမျိုးသားလုံခြုံရေး အကြံပေး မစ္စတာ Mark Sedwillဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ပေကျင်း၊ မေ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ရုရှားနိုင်ငံသို့ မေလ ၁၂ ရက်မှ ၁၃ ရက်အထိ ချစ်ကြည်ရေးခရီးသွားမည်ဖြစ်ကြောင်း၊ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာ့ဗ်ရို့ဗ် (Sergey Lavrov) ၏ ဖိတ်ကြားချက်ဖြင့် သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ...
ဝါရှင်တန် ၊ မေ ၉ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က မေလ ၈ ရက် ၌ အီရတ် နိုင်ငံ ၏ သံ ၊ သံမဏိ ၊ အလူမီနီယံ နှင့် ကြေးနီ စသည့်...
ပေကျင်း၊ မေ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မြို့တော် ပေကျင်းတွင် မေလ ၁၅ ရက်၌ ကျင်းပမည့် အာရှလူမှုတိုးတက်မှုများ ဆွေးနွေးပွဲ ညီလာခံ ဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း အဆင့်မြင့်အရာရှိတစ်ဦးက မေလ ၉ ရက်က ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ မေ ၉ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ၏ အဓိကစစ်လက်နက်ထုတ်လုပ်သော လော့ခ်ဟိဒ်မာတင်(Lockheed Martin) က F-35A ဂျက်တိုက်လေယာဉ်များ၏ တန်ဖိုးကို အမေရိကန်ဒေါ်လာ သန်း ၈ဝ အထိ စံချိန်တင် ဈေးချခဲ့ကြောင်း ဒေသတွင်းမီဒီယာများက မေ ၈ ရက်တွင် ဖော်ပြခဲ့သည်။