Connect with us

Asia

ဘန်ကောက်တွင် ကားတစ်စီးပေါ်မှ စိတ်ကြွဆေးပြား ၅၉၆,၀၀၀ လုံးကျော် ဖမ်းဆီးရမိ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဖမ်းဆီးရမိခဲ့သည့် စိတ်ကြွဆေးပြားများအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ ဧပြီ ၄ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တွင် ကားတစ်စီးပေါ်မှ ဖွက်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၅၉၆,၀၀၀ လုံးကျော် ကို မတ် ၃ရက်ကဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဘန်ကောက်မြို့သို့ အရေအတွက်များပြားသော မူးယစ်ဆေးဝါးများ တင်ပို့လာနိုင်ကြောင်း သတင်းရရှိပြီးနောက် ရဲတပ်ဖွဲ့ဝင်များသည် မတ် ၂ရက်တွင် ကားတစ်စီးကို သတိပြုမိခဲ့ကြောင်း သိရသည်။ ရဲတပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသယ်ဆောင်သူတစ်ဦးအား စိတ်ကြွဆေးပြား အလုံး ၂၀,၀၀၀ ဖြင့် စက်ရုံပျက်တစ်ခု အတွင်း၌ ဖမ်းဆီးရမိခဲ့ပြီးနောက် ယင်းသတင်းအချက်အလက်အား ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်အား ရှာဖွေစစ်ဆေးခဲ့ရာ တစ်ဦးတစ်ယောက်မျှ တွေ့ရှိခဲ့ခြင်းမရှိ၍ တရားခံအား ဖမ်းဆီးနိုင်ခြင်းမရှိကြောင်း သိရသည်။

ရဲတပ်ဖွဲ့က မော်တော်ယာဉ်၏ လိုင်စင်နံပါတ်ပြားအရ ယင်းကားအား ဘန်ကောက်မြို့အနီးရှိ ပြည်နယ်တစ်ခုမှ အမျိုးသမီးတစ်ဦးက ပိုင်ဆိုင်ခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။

စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.