ရန်ကုန်၊ မေ ၃၀ ရက် (ဆင်ဟွာ) မွန်ပြည်နယ်အစိုးရအဖွဲ့၏ လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးမင်းထင်အောင်ဟန်ကို ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ချက်အရ သိရသည်။
ကိဗ်၊မေ၃ဝ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံ ART ရုပ်မြင်သံကြားအစီအစဉ်အတွက် အလုပ်လုပ်ကိုင်နေသူ ရုရှားနိုင်ငံသားသတင်းသမား Arkadiy Babchenko သည် မေလ ၂၉ ရက်တွင် ကိဗ်မြို့(Kiev) ၌ အသတ်ခံလိုက်ရကြောင်း ယူကရိန်းအာဏာပိုင်များက ပြောကြားခဲ့သည်။
ရန်ကုန်။ မေ ၂၉ ရက် (ဆင်ဟွာ) တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း ယနေ့ နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ချက်အရ သိရသည်။
နေပြည်တော်၊ မေလ ၂၉ ရက် (ဆင်ဟွာ) အခွန်ထမ်းပြည်သူများ အနေဖြင့် မည်သည့် ဘဏ်မှမဆို အွန်လိုင်း မှ အခွန်ပေးဆောင်ခြင်းအား ဆောင်ရွက်နိုင်မည့် အစီအစဉ်ကို ဗဟိုဘဏ်က စတင် ဆောင်ရွက်လျက်၇ှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းကရှင်းလင်း ပြောကြားခဲ့သည်။
နေပြည်တော်၊ မေလ ၂၉ ရက် (ဆင်ဟွာ) နိုင်ငံတော် အစိုးရ၏ ဒုတိယ တစ်နှစ်တာအတွင်း ဖြစ်ပွားခဲ့သည့် သဘာ၀ ဘေးအန္တရာယ်များ ကျ ရောက် ချိန်တိုင်းတွင် တပ်မတော်သည် ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်...
နေပြည်တော်၊ မေလ ၂၉ ရက် (ဆင်ဟွာ) အသက် ၁၈ နှစ် မပြည့်သေးသော စစ်သည် ၆၇ ဦးတို့အား မိဘ အုပ်ထိန်းသူများထံ ပြန်လည် ပေးအပ်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဗိုလ်မှူးချုပ် အောင်ကျော်ဟိုးက ယနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ပေကျင်း၊ မေ ၂၉ ရက် (ဆင်ဟွာ) နိုဝင်ဘာလတွင် ပြုလုပ်မည့် တရုတ်နိုင်ငံ နိုင်ငံတကာ သွင်းကုန်ပြပွဲ (China International Import Expo= CIIE) သို့ ကမ္ဘာတစ်ဝန်းမှ ကုမ္ပဏီပေါင်း ၁၃၀၀ ကျော် တက်ရောက်ရန် အတည်ပြုခဲ့ကြောင်း ပြပွဲဖြစ်မြောက်ရေး ကော်မတီက ပြောကြားခဲ့သည်။
ရန်ကုန်၊ မေ ၂၉ ရက် (ဆင်ဟွာ) နေပြည်တော်ကောင်စီ၌ ကဏ္ဍကြီး ၇ခုအတွက် ကျပ် ၄၂သန်းကျော် ကုန်ကျခံ ဆောင်ရွက်ခဲ့ကြောင်း နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ဒုတိယ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲထံမှ သိရသည်။
ရန်ကုန် ၊ မေ ၂၉ ရက်(ဆင်ဟွာ) မုန်တိုင်းငယ် အခြေအနေသည် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းဒေသသို့ ၉ နာရီ အတွင်း ဖြတ်ကျော် ဝင်ရောက်မည် ဟု ခန့်မှန်းရပြီး အနီရောင် အရေးပေါ် အခြေအနေဟု သတ်မှတ်ထားကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ မုန်တိုင်းငယ်...
ရန်ကုန်၊ မေ ၂၉ ရက် (ဆင်ဟွာ) ယနေ့ လေပြင်းများ တိုက်ခိုက်မှုကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် အပျက်အစီးအချို့ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။