Connect with us

Europe

နယူးဇီလန်နိုင်ငံတွင် မောင်းပြန်သေနတ်အသေးစားများ၊ ရိုင်ဖယ်သေနတ်များ တားမြစ်

နယူးဇီလန်နိုင်ငံ ခရစ်ချာ့ခ်ျမြို့ရှိ ဗလီတိုက်ခိုက်ခံရမှုတွင် သေဆုံးခဲ့သူများအတွက် ကြေကွဲပူဆွေးနေသည့် ကျောင်းသားများအား တွေ့ရစဉ် (ဆင်ဟွာ)

ဝယ်လ်လင်တန်၊ မတ် ၂၁ ရက် (ဆင်ဟွာ)

နယူးဇီလန်နိုင်ငံတွင် စစ်ဘက်ပုံစံသုံး မောင်းပြန်သေနတ်အသေးစားများ (semi-automatic) ၊ ရိုင်ဖယ်သေနတ်များအား တားမြစ်လိုက်ကြောင်း ဝန်ကြီးချုပ် ဂျာဆင်ဒါ အာဒန် (Jacinda Ardern) က မတ်လ ၂၁ ရက်တွင် ပြောကြားလိုက်သည်။

ထို့ပြင် နယူးဇီလန်အစိုးရအနေဖြင့် လူအများအပြားကို သေစေနိုင်သော မောင်းပြန်သေနတ်များမှ လက်နက်များအဖြစ် ပြောင်းလဲတပ်ဆင်နိုင်သည့် ပစ္စည်းကိရိယာများကိုလည်း တားမြစ်ရန်ရှိကြောင်း သိရသည်။

ယင်း သေနတ်များအား MSSAs အဖြစ်သို့ ပြောင်းလဲရန် အသုံးပြုသည့် ဆက်စပ် အစိတ်အပိုင်းများကိုလည်း စွမ်းဆောင်ရည်မြင့် ခဲယမ်းများအားလုံးနှင့်အတူ တားမြစ်လိုက်သည်ဟု ဆိုသည်။

အဆိုပါ တားမြစ်ချက်သည် မတ်လ ၂၁ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၃း၀၀ နာရီတွင် စတင်ခဲ့ခြင်း ဖြစ်ကြောင်း အာဒန်က ပြောခဲ့သည်။

MSSAs အား တားမြစ်လိုက်ခြင်းအပေါ် အတိုက်အခံ National Party ကလည်း ထောက်ခံခဲ့ကြောင်း၊ ပြည်သူများအတွက် စစ်ဘက်သုံးပုံစံ semi-automatic လက်နက်များ မလိုအပ်ကြောင်း၊ အတိုက်အခံခေါင်းဆောင် ဆိုင်မွန် ဘရစ်ချ် (Simon Bridges) ကလည်း သဘောတူကြောင်း သိရသည်။

နယူးဇီလန်နိုင်ငံတွင် သေနတ်အရေအတွက်မှာ ပျမ်းမျှ ၁.၂ သန်းမှ ၁.၅ သန်းကြားရှိသည်ဟု ဆိုသည်။

ယခုကဲ့သို့ တားမြစ်ချက်မှာ မတ်လ ၁၅ ရက်က ခရစ်ချာ့ချ်မြို့တွင် လူပေါင်း ၅၀ အသက်ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည့် တိုက်ခိုက်ခံရမှုဖြစ်ပွားပြီးနောက် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.