မက္ကဆီကိုစီတီး၊ မတ် ၈ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံတောင်ပိုင်း၊ဂွာတီမာလာနိုင်ငံနှင့်ထိစပ်နေသော ချီယားပါးစ်ပြည်နယ်အတွင်းအဝေးပြေး လမ်းတစ်ခုပေါ်၌အမေရိကတိုက်အလယ်ပိုင်းနိုင်ငံများမှရွှေ့ပြောင်းနေထိုင်သူများကိုတင်ဆောင်မောင်း နှင်လာသော ထရပ်ကားတစ်စီး မတ်လ ၇ ရက်က တိမ်းမှောက်မှုဖြစ်ပွားရာ အနည်းဆုံးရွှေ့ပြောင်းနေ ထိုင်သူ ၂၅ ဦးသေဆုံးပြီး ၂၉ ဦးဒဏ်ရာရခဲ့ကြောင်း မက္ကဆီကိုရှေ့နေချုပ်ရုံးမှသတင်းအရသိရသည်။ (Xinhua) .
ပေကျင်း၊ မတ် ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ဧပြီလနှောင်းပိုင်း၌ ပြုလုပ်မည့် ဒုတိယအကြိမ်မြောက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ခေတ်သစ်ပိုးလမ်းမကြီးဖိုရမ်ဖွင့်ပွဲသို့ သမ္မတ ရှီကျင့်ဖိန် တက်ရောက်ကာ မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မတ်လ ၈ ရက်တွင် ပြောကြားလိုက်သည်။
ဂျေရုစလင်၊ မတ် ၈ ရက် (ဆင်ဟွာ) အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ရာဟု က ဂါဇာကမ်းမြောင်ဒေသမှ ဟားမားစ်အုပ်စုအနေဖြင့်နယ် စပ်ခြံစည်းရိုးတစ်လျှောက် အခြေအနေမတည်ငြိမ်အောင်ဆက်လက်လုပ်ဆောင်နေပါက စစ်ရေးအရ ပြင်းထန်စွာအရေးယူတုံ့ပြန်ရလိမ့်မည်ဟု မတ်လ ၇ ရက်ကပြောကြားခဲ့သည်။
နေပြည်တော်၊ မတ်လ ၈ ရက်(ဆင်ဟွာ) စီးပွားရေး လုပ်ငန်းများတွင် ကျား – မ ရေးရာ တန်းတူညီမျှမှု ဆောင်ရွက်နိုင်ရေး အတွက် နည်းလမ်းအသစ်များကို ဆွေးနွေးဖော်ထုတ်ပေးကြရန် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူက ယနေ့နံနက် ပြောကြားခဲ့သည်။
ပေကျင်း၊ မတ် ၈ ရက် (ဆင်ဟွာ) တရုတ် တိုင်ပေရှိ တိုင်တန်ခရိုင်အနီး ပင်လယ်ပြင်တွင် မတ်လ ၈ ရက် နံနက် ၁၀း၃၂ နာရီက ပြင်းအား ၅.၃ ရှိသော ငလျင်တစ်ခုလှုပ်ရှားသွားကြောင်း တရုတ် ငလျင်ကွန်ရက်များစင်တာ (CENC) ထံမှသိရသည်။
ကိုင်ရို ၊ မတ် ၈ ရက်(ဆင်ဟွာ) အီဂျစ်နိုင်ငံ မြို့တော် ကိုင်ရိုရှိ နိုင်းမြစ် အတွင်း မတ် ၇ ရက် ညနေပိုင်းတွင် သုံးထပ် အဆောက်အအုံရှိ ရေပေါ်စားသောက်ဆိုင် တစ်ခုသည် မီးလောင်မှု အကြီးအကျယ် ဖြစ်ပွားနေမှုအား တွေ့မြင်ရကြောင်း မျက်မြင်တွေ့ရှိသူများက ဆင်ဟွာသို့ပြောကြားခဲ့သည်။
ရန်ကုန် ၊ မတ် ၈ ရက်(ဆင်ဟွာ) ရေရှည် တည်တံ့ ခိုင်မြဲသည့် အမျိုးသား ပင်စင်စနစ် ဖြစ်ပေါ် လာစေရန် နှင့် နိုင်ငံတော် ဘတ်ဂျက်မှ သုံးစွဲ ရမှုကို ရေရှည် ခံနိုင်စွမ်း ရှိစေရန် အတွက် မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံ့ဝန်ထမ်း ပင်စင်စနစ်အား အခြားသော...
ဟာဗားနား၊ မတ် ၇ ရက် (ဆင်ဟွာ) ကျူးဘားနိုင်ငံအနေဖြင့် အိုဇုန်းလွှာပျက်စီးမှု လျော့နည်းစေရေးအတွက် hydro fluorocarbons (HFCs) သုံးစွဲမှုကိုလျှော့ချရန် ပြင်ဆင်လျက်ရှိကြောင်း တရားဝင်သတင်းရင်းမြစ်က မတ်လ ၆ ရက်နေ့တွင် ပြောသည်။
ပေကျင်း၊ မတ် ၇ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ၊ သမ္မတ ရှီကျင့်ဖိန်သည် ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ဒုတိယအကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေး၌ ကန်းစုပြည်နယ်မှ ကိုယ်စားလှယ်များအား မတ်လ ၇ ရက် နေ့လယ်ပိုင်းတွင် တွေ့ဆုံခဲ့ကြောင်း...
ကဘူးလ်၊ မတ် ၇ ရက် (ဆင်ဟွာ) အာဖဂန်နိုင်ငံ မြို့တော် ကဘူးလ်မြို့ အနောက်ဘက်တွင် မတ်လ ၇ ရက်က အဆင့်မြင့်အရာရှိများနှင့် နိုင်ငံရေးသမားများ စုဝေးရောက်ရှိနေစဉ် လက်နက်ကြီးဖြင့် တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် လူပေါင်းများစွာ သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။