Connect with us

Environment, Disasters & Accidents

တရုတ် တိုင်ပေရေပိုင်နက်တွင် အင်အား ၅.၃ ရှိသော ငလျင်လှုပ်

တရုတ် တိုင်ပေရှိ တိုင်တန်ခရိုင်အနီး ပင်လယ်ပြင်တစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ပေကျင်း၊ မတ် ၈ ရက် (ဆင်ဟွာ)

တရုတ် တိုင်ပေရှိ တိုင်တန်ခရိုင်အနီး ပင်လယ်ပြင်တွင် မတ်လ ၈ ရက် နံနက် ၁၀း၃၂ နာရီက ပြင်းအား ၅.၃ ရှိသော ငလျင်တစ်ခုလှုပ်ရှားသွားကြောင်း တရုတ် ငလျင်ကွန်ရက်များစင်တာ (CENC) ထံမှသိရသည်။

အဆိုပါ ငလျင်၏ ဗဟိုချက်မှာ မြောက်လတ္တီကျု ၂၂.၄၆ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၁၂၁.၃၄ ဒီဂရီ၊ မြေအောက်အနက် ၁၁ ကီလိုမီတာတွင် တိုင်းတာရရှိခဲ့ကြောင်း စင်တာက ပြောကြားခဲ့သည်။ (Xinhua)