ပေကျင်း ၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် မြန်မာ့တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ပေကျင်းမြို့ရှိ မဟာပြည်သူ့ခန်းမ၌ ဧပြီ ၁ဝ ရက်တွင် လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
ရှန်ဟိုင်း ၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဟိုင်းမြို့၌ ဧပြီ ၁ဝ ရက်တွင် ရှန်ဟိုင်းအာကာသစူးစမ်းလေ့လာရေးအဖွဲ့( SAO) က သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပြီး အလှမ်းကွာဝေးလှသော M87 နဂါးငွေ့တန်း၏ အလယ်ဗဟိုတွင် တည်ရှိသော ဧရာမတွင်းနက်ကြီး(black hole) တစ်ခုကိုရိုက်ကူးထားသည့် ကမ္ဘာ့ပထမဆုံးတွင်းနက်ဓာတ်ပုံကို ထုတ်ဖော်ပြခဲ့သည်။
ရန်ကုန်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မြောက်ဦးမြို့အတွင်းရှိ ရဲတပ်ရင်းဌာနချုပ် လိုင်းခန်းများအား ယနေ့ နံနက် အစောပိုင်းက AA လက်နက်ကိုင်တပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်၍ တပ်မတော်နှင့် AA လက်နက်ကိုင်တပ်ဖွဲ့များ ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် ၂၀၂၀ အိုလံပစ်အမျိုးသမီးဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ ဒုတိယအဆင့်တွင် အုပ်စု(က)ပထမ ရသဖြင့် တတိယအဆင့်သို့တက်ရောက်နိုင်ခဲ့ပြီး ထိုင်း၊ သြစတြေးလျ၊ တရုတ်၊ ဗီယက်နမ်၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယားအသင်းများနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်သည်။
နယူးဒေလီ၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ချတ်တီးစဂတ်ပြည်နယ်(Chhattisgarh) အလယ်ပိုင်း၌ ဧပြီ ၉ရက်က ပြည်နယ်ဥပဒေပြု အမတ်တစ်ဦး သတ်ဖြတ်ခံရမှုကို အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒါမိုဒီ Narendra Modiက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချလိုက်ပြီး စွန့်လွှတ်အနစ်နာခံမှုများသည် အလကားဖြစ်မသွားကြောင်း ပြောကြားခဲ့သည်။
မက်ဒရစ်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) အာဂျင်တီးနားနိုင်ငံလက်ရွေးစင်ဘောလုံးအသင်း ၏ နည်းပြ လီယိုနယ်လ်စကယ်လိုနီ (Lionel Scaloni) သည် ယာဉ်မတော်တဆမှု ဖြစ်ပွားပြီးနောက် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အတွက် စပိန်နိုင်ငံ Mallorca ကျွန်းရှိ နီးစပ်ရာဆေးရုံသို့ ဧပြီလ ၉ ရက်နေ့တွင်ခေါ်ဆောင်သွားခဲ့ရကြောင်း သိရသည်။
ရာဘတ် ၊ ဧပြီ ၁၀ ရက်(ဆင်ဟွာ) မော်ရိုကို နိုင်ငံ နှင့် စပိန် နိုင်ငံတို့သည် ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု ပိုမို ခိုင်မာလာစေရန် နှင့် တိုးတက် ပြောင်းလဲလာရန် နည်းလမ်းများအား ဧပြီ ၉ ရက်တွင် မော်ရိုကို နိုင်ငံ မြို့တော် ရာဘတ်၌...
ရန်ကုန်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ယနေ့ နံနက် ၃နာရီကျော်တွင် ယာဉ်တိုက်မှုဖြစ်ပြီး တစ်ဦးသေ ၇ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
အဘူဂျာ ၊ ဧပြီ ၁ဝ ရက်(ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံရဲတပ်ဖွဲ့က နိုင်ငံမြောက်ပိုင်း Kaduna ပြည်နယ်တွင် အမည်မသိသေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် လူပေါင်း ၂၁ ဦးသေဆုံးကြောင်း ဧပြီ ၉ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
ပေကျင်း၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အွန်လိုင်းအစားအသောက် မှာယူခြင်း နှင့် ပို့ဆောင်ရေးလုပ်ငန်း ဈေးကွက်သည် ၂၀၁၈ခုနှစ်တွင် တရုတ်ယွမ် ၄၄၁.၅ ဘီလီယံ ( အမေရိကန်ဒေါ်လာ ၆၅.၈ ဘီလီယံ) အထိ ရောက်ရှိလာခဲ့ကာ ယခင်နှစ်ထက် ၁၁၂.၅ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း လုပ်ငန်းအစီရင်ခံစာအရသိရသည်။