ဘဂ္ဂဒက် ၊ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ) အီရတ် ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အိုင်အက်စ် ၄ဦး သည် အီရတ်နိုင်ငံ၏ အရှေ့ဘက် Diyala ပြည်နယ်တွင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က သေဆုံးခဲ့ကြောင်း ၎င်းဒေသ၏ လုံခြုံရေး တာဝန်ရှိသူတစ်ဦးကပြောသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)ဧရာဝတီတိုင်း ဒေသကြီး မြန်အောင်မြို့၏ အနောက်ဘက် (၂၃)မိုင်ခန့်အကွာ တွင် အနက် (၄၁)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၄) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ဝဲလ်လင်တန်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ) နယူးဇီလန်နိုင်ငံ တောင်ပိုင်းကျွန်းရှိ Pigeon Valley အနီးတွင် ဒေသစံတော်ချိန် ညနေ ၃း၀၀ နာရီဝန်းကျင်က တောမီးငြှိမ်းသတ်နေသည့် ရဟတ်ယာဉ်တစ်စင်း ပျက်ကျသွားခဲ့ကြောင်း နယ်လ်ဆင်တက်စ်မန်း (Nelson Tasman) ပြည်သူ့ကာကွယ်ရေးလုပ်ငန်းအုပ်စု၏ ပြောကြားချက်အရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် လေးနိုင်ငံ အမျိုးသမီး ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် နီပေါအသင်းအား ၃-၁ ဂိုးဖြင့် အနိုင်ယူပြီး ချန်ပီယံဆု ရယူနိုင်ခဲ့သည့် အောင်ပွဲရ မြန်မာ့ လက်ရွေးစင် အမျိုးသမီးအသင်းသည် ဖေဖော်ဝါရီ ၁၇ ရက်၊ ယနေ့...
မြူးနစ်၊ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ) ၂၁ ရာစုတွင် အကျပ်အတည်းများကို နိုင်ငံအသီးသီးက လက်တွဲဖြေရှင်းသင့်ကြောင်း၊ ကိုလိုနီခေတ်၊စစ်အေးခေတ်အတွေးအခေါ်များ လက်ကိုင်မထားရှိသင့်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrovက ဖေဖော်ဝါရီ ၁၆ ရက် မြူးနစ်လုံခြုံရေးအစည်းအဝေးတွင် ပြောကြားခဲ့ကြောင်းသိရသည်။
မက္ကဆီကိုစီးတီး ၊ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ အရှေ့တောင်ပိုင်း Quintana Rooပြည်နယ် တွင် ဖေဖော်ဝါရီ ၁၅ ရက် ညပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ လူ ၅ ဦးသေဆုံးပြီး လူ အမြောက်အမြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ ကွန်ဟိန်းမြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၁၂,၅၀၀ သိန်းတန်ဖိုးရှိ ICE များ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် ဝိုင်းမော် မြို့နယ်တွင် ဘိန်းဖြူများနှင့် လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ မှ ယနေ့သတင်းထုတ်ပြန်သည်။
ချင်းမိုင် ၊ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိသည် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးDon Pramudwinai ၏ ဖိတ်ကြားချက်အရ ဖေဖော်ဝါရီ ၁၆ ရက်တွင် ချင်းမိုင်သို့ သွားရောက်၍ မဟာဗျူဟာမြောက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရီယိုဒီဂျနေးရိုး၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံတွင် ပြီးခဲ့သည်လက ဆည်ပြိုကျမှုအပေါ် နောက်ယောင်ခံ စုံစမ်းထောက်လှမ်းမှု ပြုလုပ်ခဲ့ရာ ဆည်ပြိုကျမှုတွင် တာဝန်ရှိကြောင်း စွပ်စွဲခံထားရသည့် Vale သတ္တုတွင်း ကုမ္ပဏီကြီး၏ ဝန်ထမ်း ၈ ဦးအား အာဏာပိုင်များက ဖေဖော်ဝါရီလ ၁၅ ရက်က ဖမ်းဆီးခဲ့ကြောင်း သိရသည်။