Connect with us

Latin America

ဘရာဇီးနိုင်ငံ ဆည်ပြိုကျမှုနှင့် ဆက်စပ်မှုရှိသော နောက်ထပ် လူ ၈ ဦးကို ဖမ်းမိ

ဘရာဇီးနိုင်ငံ မီးနပ်စ်ဂယ်ရိုက်စ်ပြည်နယ်ရှိ ဆည်ပြိုကျမှုကြောင့် ပျက်စီးမှုများအား တွေ့ရစဉ် (ဆင်ဟွာ)

ရီယိုဒီဂျနေးရိုး၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံတွင် ပြီးခဲ့သည်လက ဆည်ပြိုကျမှုအပေါ် နောက်ယောင်ခံ စုံစမ်းထောက်လှမ်းမှု ပြုလုပ်ခဲ့ရာ ဆည်ပြိုကျမှုတွင် တာဝန်ရှိကြောင်း စွပ်စွဲခံထားရသည့် Vale သတ္တုတွင်း ကုမ္ပဏီကြီး၏ ဝန်ထမ်း ၈ ဦးအား အာဏာပိုင်များက ဖေဖော်ဝါရီလ ၁၅ ရက်က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ လူ ၈ ဦးအား မီးနပ်စ်ဂယ်ရိုက်စ်ပြည်နယ်၊ ဆောင်ပေါ်လိုပြည်နယ်နှင့် ရီယို ဒီဂျနေးရိုးပြည်နယ်များ၌ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့အစိုးရရှေ့နေရုံးက ပြောကြားခဲ့သည်။

ဇန်နဝါရီလ ၂၅ ရက်က မီးနပ်စ်ဂယ်ရိုက်စ်ပြည်နယ် အရှေ့တောင်ပိုင်းရှိ သံသတ္တုရိုင်းစွန့်ပစ်ဆည် ပြိုကျမှုတွင် ဆက်စပ်မှုရှိသူများအား ဒုတိယအကြိမ်မြောက် ဖမ်းမိခြင်းဖြစ်သည်။

ဇန်နဝါရီလ ၂၉ ရက်က Vale ကုမ္ပဏီဝန်ထမ်း ၃ ဦးနှင့် တစ်ဆင့်ခံကန်ထရိုက် အင်ဂျင်နီယာ ၂ ဦးတို့မှ ဆည်တည်ဆောက်မှု လိုင်စင်ထုတ်ပေးမှုနှင့် ဆည်ဘေးကင်းလုံခြုံမှုဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးမှုများအတွက် ဖမ်းဆီးခြင်းခံခဲ့ရသည်။

အဆိုပါ ဆည်ပြိုကျမှုကြောင့် အနည်းဆုံး လူ ၁၆၆ ဦး သေဆုံးပြီး ၁၅၅ ဦး ပျောက်ဆုံးနေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.