Connect with us

Asia

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Don Pramudwinai မဟာဗျူဟာမြောက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ၀မ်ရိနှင့် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Don Pramudwinai တို့အား တွေ့ရစဉ်(ဆင်ဟွာ)

ချင်းမိုင် ၊ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိသည် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးDon Pramudwinai ၏ ဖိတ်ကြားချက်အရ ဖေဖော်ဝါရီ ၁၆ ရက်တွင် ချင်းမိုင်သို့ သွားရောက်၍ မဟာဗျူဟာမြောက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီ ဝမ်ရိသည် တရုတ်-ထိုင်း နှစ်နိုင်ငံသည် ချစ်ကြည်ရင်းနှီးမှုရှိသလို ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက် ဆက်ဆံရေးလည်းရှိ ကြောင်း၊ ယခုနှစ်တွင် ထိုင်းနိုင်ငံသည် အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံအဖြစ် တာဝန်ယူမည်ဖြစ်ရာ နှစ်နိုင်ငံအနေဖြင့် မဟာဗျူဟာ ညှိနှိုင်းဆွေးနွေးမှုများကို နီးနီးကပ်ကပ်လုပ်ဆောင်ပြီး ပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်ကာ ဒေသတည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြုသဘောဆောင် အကျိုးသယ်ပိုးဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံအနေဖြင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ရာတွင် တရုတ်နိုင်ငံက အပြည့်အ၀ အားပေး ထောက်ခံသွားမည်ဖြစ်ပြီး တရုတ်-အာဆီယံဆက်ဆံရေးနှင့် အရှေ့အာရှ ပူးပေါင်းဆောင်ရွက်ရေးတွင် ပိုမို တိုးတက်မှုရရှိစေရန် တွန်းအားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ တရုတ်-ထိုင်း နှစ်နိုင်ငံ အဆင့်မြင့်အရာရှိဆက်ဆံရေးနှင့် အဓိကကဏ္ဍများ၏ ပူးပေါင်းဆောင်ရွက်မှု များ ကို အစီအစဉ်များရေးဆွဲကာ နှစ်နိုင်ငံဆက်ဆံရေး ထပ်မံတစ်ဆင့် မြှင့်တင် သွားလိုကြောင်း ၊ ထိုင်းနိုင်ငံဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာ(Prayut Chan-o-cha) တရုတ်နိုင်ငံသို့ လာရောက် ဒုတိယ အကြိမ်မြောက် ခေတ်သစ်ပိုးလမ်းမကြီး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ထိပ်သီးဆွေးနွေးပွဲ ကို တက်ရောက်ရန် ကြိုဆိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးDon Pramudwinaiကလည်း ထိုင်း-တရုတ်နှစ်နိုင်ငံ အကြားတွင် နက်နဲသည့်အပြန်အလှန်ယုံကြည်မှုနှင့် နက်ရှိုင်းသည့်ချစ်ကြည်ရေး တည်ရှိကြောင်း ၊ ထိုင်းနိုင်ငံဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာ(Prayut Chan-o-cha) အနေဖြင့်လည်း တရုတ်နိုင်ငံသို့သွားရောက်၍ ခေတ်သစ်ပိုးလမ်းမကြီး ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်လိုကြောင်း ၊ ထိုင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုများကို ကြိုဆိုသလို ကမ္ဘာ့တည်ငြိမ်အေးချမ်းရေး နှင့်ဖွံ့ဖြိုးတိုးတက်ရေးတွင် တရုတ်နိုင်ငံက အဓိကကျသည့်ဆောင်ရွက်ချက်များကို ပိုမိုလုပ်ဆောင်သွား စေလိုကြောင်း ၊ အာဆီယံအသိုက်အဝန်းတည်ဆောက်ရာတွင်လည်းကောင်း တရုတ်နိုင်ငံ၏ အစဉ်အမြဲထောက်ခံအားပေးမှုများကို အထူးပင်ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.