Connect with us

Asia

ကချင်ပြည်နယ် ဝိုင်းမော် မြို့နယ်တွင် ဘိန်းဖြူများနှင့် လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူအား သက်သေခံပစ္စည်းများ နှင့် အတူတွေ့ရစဉ် (ဓာတ်ပုံ-- မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ )

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ် ဝိုင်းမော် မြို့နယ်တွင် ဘိန်းဖြူများနှင့် လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ၀၉း၀၀နာရီ တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(၂)မြစ်ကြီးနား မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာနေ လရော် ၂၈ နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအား နေအိမ်အိပ်ခန်းအတွင်း အိပ်ယာခေါင်းရင်းမှ ကော်ဘူးဖြင့်ထည့် ထားသည့် ဘိန်းဖြူ ဝ.၉ ကီလိုဂရမ် (ဒေသကာလပေါက်ဈေးတန်ဖိုးငွေ ၇၂,၀၀၀ ကျပ်)အားလည်းကောင်း၊ အိပ်ယာခုတင် ဘေးရှိ ဗီရိုအတွင်းမှ ၉ မမ ပစ္စတို ၁ လက်၊ ယင်းကျည်အိမ် ၁ ခုနှင့် ယင်းကျည် ၄ တောင့်အားလည်းကောင်း၊ ကော်ခြင်းအတွင်းမှ ၉ မမကျည် ၁၂ တောင့်၊ ကျည်ခါးချိတ် ၁ ခုနှင့် စနက်တံမပါ ၉၁ လက်ပစ်ဗုံး ၁ လုံးအားလည်း ကောင်း၊ ကော်ဘူးအတွင်းမှ M 20 ကျည် ၁၁ တောင့်အားလည်းကောင်း တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဝိုင်းမော်မြို့မ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.