ရန်ကုန်၊ ဧပြီ ၅ ရက် (ဆင်ဟွာ) မြိတ်မြို့၌ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၉ ရွက်နှင့် ငွေစက္ကူအတု ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ဖရီးတောင်း၊ ဧပြီ ၅ ရက် (ဆင်ဟွာ) အတိုက်အခံ လွှတ်တော်ကိုယ်စားလှယ်နှင့် စစ်အစိုးရ ခေါင်းဆောင်ဟောင်း ဆီရာလီယွန် ပြည်သူ့ပါတီ (SLPP) Julius Maada Bio သည် ဆီရာလီယွန်နိုင်ငံ သမ္မတသစ်အဖြစ် ဧပြီလ ၅ ရက်ညပိုင်းက ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။
ဒမတ်စကပ် ၊ ဧပြီ ၅ ရက်(ဆင်ဟွာ) ဆီးရီးယားနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) ဆီးရီးယားရုံးတို့ ဧပြီလ ၄ ရက်နေ့က သဘောတူညီလက်မှတ်ရေးထိုးခဲ့ကြရာ ဆီးရီးယားအကျပ်အတည်းတွင် အရေးပေါ်အကူအညီ လိုအပ်နေသည့် မိသားစုများအတွက် စားနပ်ရိက္ခာ ဝယ်ယူထောက်ပံ့နိုင်ရန် တရုတ်နိုင်ငံမှ WFPအား အမေရိကန်ဒေါ်လာ ၁ သန်း ပေးအပ်လှူဒါန်းခဲ့သည်။
ရန်ကုန် ၊ ဧပြီ ၅ ရက်(ဆင်ဟွာ) သြင်္ကန် ကာလ အတွင်း ရန်ကုန်မြို့နေ ပြည်သူများ နှင့် ရန်ကုန်တိုင်းဒေသကြီး ပြင်ပ အခြား တိုင်းဒေသကြီး ၊ ပြည်နယ် များသို့သွားရောက် လိုသည့် ခရီးသွား ပြည်သူများ အတွက် YBS ခရီးသည်တင် ယာဉ်လိုင်းများ နှင့်...
ဝါရှင်တန် ၊ ဧပြီ ၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်သည် ဧပြီလ ၄ ရက်တွင် ပြင်သစ်နိုင်ငံသမ္မတမက်ခရွန်ထံ ဖုန်းဆက်သွယ်၍ အိုင်အက်စ်(IS) အစ္စလာမ်မစ်အစွန်းရောက်များအား သုတ်သင်ရှင်းလင်းရေးအတွက် ဆွေးနွေးခဲ့ကြောင်း အိမ်ဖြူတော်က ဆိုသည်။
ရန်ကုန်၊ ဧပြီ ၅ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့၌ ဟင်းစားရှာထွက်သော မြိုတိုင်းရင်းသူ အမျိုးသမီးတစ်ဦး အကြမ်းဖက်သမားများ၏ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရှန်ဟိုင်း ၊ ဧပြီ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ထိပ်တန်းနိုင်ငံရေးအတိုင်ပင်ခံ ဝမ်းယန် က တရုတ်ပြည်သူ့နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ညီလာခံ(CPPCC) အနေဖြင့် ခေတ်သစ်တွင် ဖွံ့ဖြိုးတိုးတက်မှု နှင့် တီထွင်ဆန်းသစ်မှု ကို လုပ်ဆောင်ရန် နှင့် ယင်းအား အောင်မြင်စွာကြိုးပမ်းအားထုတ်သွားရန် တိုက်တွန်းပြောကြားလိုက်သည်။
ရန်ကုန်၊ ဧပြီ ၅ ရက် (ဆင်ဟွာ) မြောင်းမြကြိုးတံတားကျိုးကျပြီး တံတားနှင့်အတူ ၆ ဘီးကုန်တင်ယာဉ် တစ်စီး ပါသွားရာ ယနေ့ မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်ခန့်တွင် ဆယ်ယူရရှိ ခဲ့ပြီဖြစ်ကြောင်း၊ ထို့အပြင် မြောင်းမြကြိုးတံတားပြတ်ကျပြီး လေးရက်အကြာ မြစ်ကိုဖြတ်ကူးရန် ဇက်ရေ ယာဉ်တစ်စင်းဖြင့် ဧပြီ...
ရန်ကုန်၊ ဧပြီ ၅ ရက် (ဆင်ဟွာ) ကျွန်းကုန်းကျေးရွာအပေါ်သို့ လေယာဉ်ပျက်ကျမှုမရှိစေရန် ဆောင်ရွက်ခဲ့သော လေသူရဲအား ဗိုလ်မှူး အာကာဝင်းအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချီးကျူးဂုဏ်ပြုခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဝါရှင်တန် ၊ ဧပြီ ၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က အမေရိကန်-မက္ကဆီကို နှစ်နိုင်ငံ နယ်စပ်သို့ လုံခြုံရေးတပ်ဖွဲ့( National Guard ) စေလွှတ်ရန် လက်မှတ်ရေးထိုးလိုက်ကြောင်း သိရသည်။