Connect with us

Social

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို)မှ ဆဋ္ဌမ အကြိမ်မြောက် ကျောင်းသား/သူများအား ပညာသင် ထောက်ပံ့ကြေးများ ပေးအပ်


ရန်ကုန် ၊ ဇန်နဝါရီ ၂၆ ရက်(ဆင်ဟွာ)

တိုင်းဒေသကြီး နှင့် ပြည်နယ် အသီးသီးရှိ ပညာရေး ထူးချွန် ထက်မြက်ပြီး ဆက်လက် ပညာ သင်ကြားရန် အခက်အခဲ ရှိသော ဆင်းရဲ နွမ်းပါးသည့် ကျောင်းသား/သူများအား မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း (ဗဟို)မှ ဆဋ္ဌမ အကြိမ်မြောက် ပညာသင် ထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနားအား ယနေ့ဇန်နဝါရီ ၂၆ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ခိုင် က “ဒါဟာ ပညာရေး အလှူ ဖြစ်တဲ့ အတွက်ကြောင့် ဆရာမကြီး ဒေါ်ဇင်ခိုင်ရဲ့ကျေးဇူးကို အမြဲ အောက်မေ့ သတိရပြီးတော့ အဲဒီ လှူဒါန်းမှုနဲ့ ပညာတွေကို သင်ယူမယ်။ရရှိလာတဲ့ တတ်မြောက်လာတဲ့ ဘွဲ့တွေ ၊ ဒီဂရီတွေ ၊ ဒီပလိုမာတွေနဲ့ကိုယ့်နိုင်ငံ အကျိုး အတွက် ဘာတွေကို စွမ်းဆောင်နိုင်မလဲ ဆိုတဲ့ အတွေးကို တစ်စိုက်မတ်မတ်နဲ့လေးလေးနက်နက် ခံယူထားဖို့လိုအပ်ပါတယ်။”ဟု ပြောကြားခဲ့သည်။

ရန်ကုန်တိုင်း ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ခိုင် က အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်က လှူဒါန်းမှုများအား ရှင်းလင်း ပြောကြားစဉ် (ဆင်ဟွာ)

ဆရာမကြီး ဒေါ်ဇင်ခိုင်၏ တပည့် ကျောင်းသူ ကျောင်းသားဟောင်းများက အသင်း ရန်ပုံငွေသို့ငွေကျပ် ၆၀ သိန်းအား ပေးအပ် လှူဒါန်းစဉ်(ဆင်ဟွာ)

အခမ်းအနားတွင် ပညာသင် ထောက်ပံ့မှုများအား ပေးအပ်မှုများအား တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်က ဆင်ဟွာသို့ ပြောကြားနေစဉ်(ဆင်ဟွာ)

ရန်ကုန် ပညာရေး တက္ကသိုလ်တွင် ပဉ္စမနှစ် တက်ရောက်နေသူ မဆုလင်းနိုင်က ဆင်ဟွာသို့ဖြေကြားနေစဉ်(ဆင်ဟွာ)

ကျောင်းသူ မချောအိအိသိန်း က အခမ်းအနားတွင် ကျေးဇူးတင် စကား ပြောကြားနေစဉ်(ဆင်ဟွာ)

ဆဋ္ဌမ အကြိမ်မြောက် ပညာသင် ထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနားအား တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်က အခမ်းအနားတွင် အသင်း ဖွဲ့စည်းရသည့် ရည်ရွယ်ချက်များ ၊ လှူဒါန်းမှုများအား ရှင်းလင်း ပြောကြားခဲ့သည်။

“အဓိကတော့ ပညာလဲ သင်ချင်တယ်။ ဆင်းရဲနွမ်းပါးတယ်။ ထူးလဲ ထူးချွန်တဲ့ ကလေးတွေ လမ်းခုလတ်မှာ ပညာရေး ဆုံးခန်းမတိုင်ဘဲ ထွက်သွားမှာ စိုးလို့လုပ်ပေးနေတာပါ။”ဟု အသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်က ဆင်ဟွာသို့ပြောကြားခဲ့သည်။

ပညာသင် ထောက်ပံ့ကြေး ပေးအပ်သည့် အစီအစဉ်အား ယခင်က ဆရာမကြီး ဒေါ်ဇင်ခိုင်၏ အလှူငွေဖြင့် လုပ်ဆောင်ခဲ့ပြီး ယခုအခါတွင် ဆရာမကြီး ဒေါ်ဇင်ခိုင်မှာ အသက်အရွယ် ၊ ကျန်းမာရေး အခြေအနေ အရ ကျောင်းသား/သူများ ဆုံးခန်းတိုင် ပညာသင်ကြားရေး အတွက် အသင်းမှ ဆက်လက် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်က ပြောကြားခဲ့သည်။

အခမ်းအနားတွင် မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ရန်ပုံငွေသို့ဆရာမကြီး ဒေါ်ဇင်ခိုင်၏ တပည့် ကျောင်းသူ ကျောင်းသားဟောင်းများက ငွေကျပ် ၆၀ သိန်းအား ပေးအပ် လှူဒါန်းခဲ့ရာ အသင်း ဒုတိယ ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က လက်ခံခဲ့သည်။

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို)မှ ဆဋ္ဌမ အကြိမ်မြောက် အဖြစ် ကျောင်းသား ၊ ကျောင်းသူ ၈၈ ဦးအား ယနေ့တွင် အခမ်းအနားဖြင့် ပေးအပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကျောင်းသား/သူများ ကိုယ်စား ရန်ကုန် ပညာရေး တက္ကသိုလ်တွင် စတုတ္ထနှစ် ပညာ သင်ကြား နေသော ကျောင်းသူ မချောအိအိသိန်း က မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း နှင့် ဆရာမကြီး ဒေါ်ဇင်ခိုင်ကို အထူး ကျေးဇူး တင်ရှိကြောင်း ၊ မိမိတို့ဘက်မှ နိုင်ငံတော်အား တတ်နိုင်သမျှ ကိုယ်စွမ်းကိုယ်စဖြင့် ပံ့ပိုး ကူညီသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရန်ကုန် ပညာရေး တက္ကသိုလ်တွင် ပဉ္စမနှစ် တက်ရောက်နေသူ မဆုလင်းနိုင်က ပညာသင် ထောက်ပံ့မှုအား ပထမနှစ်ထဲက စတင် ရရှိခဲ့သူ ဖြစ်ကြောင်း ၊ ယခုကဲ့သို့ထောက်ပံ့မှုသည် ၎င်းတို့အတွက် တစ်ထောင့် တစ်နေရာမှ အလွန် အထောက်အပံ့ ဖြစ်ခဲ့ကြောင်း ၊ ထောက်ပံ့ပေးသည့် အတွက် ကျေးဇူး တင်ရှိကြောင်း ဆင်ဟွာသို့ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ၊ ဧရာဝတီတိုင်းဒေသကြီး နှင့် မကွေးတိုင်းဒေသကြီးတို့အတွက် ထောက်ပံ့ငွေများအား အသင်း ဒုတိယ ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က လည်းကောင်း ၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ မန္တလေးတိုင်း ဒေသကြီး နှင့် ပဲခူးတိုင်းဒေသကြီးတို့အတွက် ထောက်ပံ့ငွေများအား ရန်ကုန်တိုင်း ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ခိုင် က လည်းကောင်း ၊ တနသာၤရီတိုင်းဒေသကြီး ၊ ရခိုင်ပြည်နယ် နှင့် ချင်းပြည် နယ် တို့အတွက် ထောက်ပံ့ငွေများအား မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် ပြည်သူ့သမ္မတ နိုင်ငံ သံရုံး ၊ သံမှူးကြီး Mr.Yang Shouheng က လည်းကောင်း ၊ ကချင်ပြည်နယ် ၊ ရှမ်းပြည်နယ် နှင့် ကယားပြည်နယ် တို့အတွက် အသင်း ဒုတိယ ဥက္ကဋ္ဌ ဦးကြည်စိန် က လည်းကောင်း ၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ် တို့အတွက် ဆရာမကြီး ဒေါ်ဇင်ခိုင်၏ တပည့် တစ်ဦးက လည်းကောင်း အသီးသီး ပေးအပ်ခဲ့သည်။

ထိုကဲ့သို့ပညာသင် ထောက်ပံ့မှုများ ပေးအပ်ခဲ့ခြင်းအား ၂၀၁၃ ခုနှစ်တွင် စတင် ပေးအပ်ခဲ့ပြီး ယခုအခါ ၆ ကြိမ်မြောက် ရှိခဲ့ပြီး ကျောင်းသား/သူ စုစုပေါင်း ၅၃၈ ဦးအား ထောက်ပံ့မှုများ ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117