Connect with us

Asia

ဂျပန်နိုင်ငံ အီဝါတီစီရင်စုတွင် ၅.၇ ပမာဏရှိသော ငလျင်လှုပ်ခတ်၊ ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်းမရှိ

ဂျပန်နိုင်ငံ ဟွန်ရှူးကျွန်းပေါ်ရှိ အီဝါတီစီရင်စုရှိ အီဝါတီတောင်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

တိုကျို၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ ဟွန်ရှူးကျွန်းပေါ်ရှိ အီဝါတီစီရင်စုတွင် ပြင်းအား ၅.၇ ပမာဏရှိသော ငလျင်တစ်ခု ဇန်နဝါရီလ ၂၆ ရက်က လှုပ်ရှားသွားကြောင်း ဂျပန်နိုင်ငံ မိုးလေဝသဌာနက ပြောကြားခဲ့သည်။

အဆိုပါ ငလျင်သည် ဒေသစံတော်ချိန် ၁ရး၂၃ နာရီခန့်က မြောက်လတ္တီကျု ၄၀.၃ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၁၄၂.၄ ဒီဂရီအရပ်၌ မြေအောက်အနက် ၃၀ ကီလိုမီတာအား ဗဟိုပြုကာလှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။ယင်းငလျင်အား အီဝါတီစီရင်စုရှိ အချို့ဒေသများ၌ အဆင့်လေးအဖြစ် သတ်မှတ်ထားကြောင်း၊ ငလျင်ကြောင့် ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်းမရှိကြောင်း သိရသည်။ (Xinhua)