Connect with us

Africa & Middle East

ဆိုမာလီယာ နိုင်ငံ၌ သေနတ်သမားများ၏ လက်ချက်ကြောင့် လူ ၆ ဦး သေဆုံး

ဆိုမာလီယာ နိုင်ငံ၌ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ် တစ်ခုအား တွေ့ ရစဉ်(ဆင်ဟွာ)

မိုဂါဒစ်ရှူး ၊ ဇန်နဝါရီ ၂၆ ရက်(ဆင်ဟွာ)

ဆိုမာလီယာ နိုင်ငံ မြို့တော် မိုဂါဒစ်ရှူး၏ တောင်ဘက် ကီလိုမီတာ ၃၀ ခန့်ရှိ Afgooye မြို့တွင် ဇန်နဝါရီ ၂၅ ရက်က အမည်မသိ သေနတ်သမားများ၏ လက်ချက်ကြောင့် စစ်သားများ အပါအဝင် လူ ၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

Afgooye မြို့၏ ဈေးတစ်ခုတွင် ငယ်ရွယ်သော သေနတ်သမားတို့၏ ပစ်ခတ်မှုကြောင့် စစ်သား သုံးဦး နှင့် အရပ်သား ၃ ဦး သေဆုံး ခဲ့ကြောင်း လုံခြုံရေး အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။ဈေးအတွင်း၌ သောကြာနေ့ဝတ်ပြုဆုတောင်းချိန် ပြီးနောက် စစ်သား သုံးဦးအား သေနတ်သမားများက ပစ္စတို သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြောင်း လုံခြုံရေး အရာရှိက ပြောကြားခဲ့သည်။

ထိုအဖြစ်အပျက်အား မျက်မြင် တွေ့ခဲ့သူ အမျိုးသမီး သုံးဦးမှာလည်း ပစ်ခတ်ခံခဲ့ရမှုကြောင့် သေဆုံးသွားခဲ့ပြီး အဆိုပါ သေနတ်သမားများသည် ပစ်ခတ်မှုများ လုပ်ဆောင်ပြီးနောက် အခင်း ဖြစ်ပွားရာ နေရာမှ တိမ်းရှောင် သွားခဲ့ကြောင်း လုံခြုံရေး အရာရှိက ပြောကြားခဲ့သည်။ထိုပစ်ခတ်မှု အတွက် မည်သည့် အဖွဲ့ကမှ ၎င်းတို့၏ လက်ချက် ဖြစ်ကြောင်း ဝန်ခံ ပြောကြားခြင်း မရှိဘဲ ဆိုမာလီယာ နိုင်ငံတွင် အလားတူ တိုက်ခိုက်မှုမျိုးအား al-Shabab အကြမ်းဖက် အဖွဲ့အစည်းက လုပ်ဆောင်ခြင်းများ ရှိခဲ့ကြောင်း သိရသည်။ဆိုမာလီယာ နိုင်ငံ တည်ငြိမ်စေရန် ကြိုးပမ်း အားထုတ်မှု တစ်စိတ်တစ်ပိုင်း အဖြစ် လက်နက်ကိုင် သောင်းကျန်းသူများအား ဆိုမာလီ စစ်တပ် နှင့် အာဖရိက သမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့များ၏ စစ်ဘက် စစ်ဆင်ရေးများ တိုးမြင့် လာသော်လည်း al-Shabab အကြမ်းဖက် အဖွဲ့အစည်းကမှု တိုက်ခိုက်မှုမျိုးများ ပြုလုပ်လျက်ပင် ရှိနေသေးကြောင်း သိရသည်။(Xinhua)