ဝါရှင်တန် ၊ ဧပြီ ၄ ရက်(ဆင်ဟွာ) အမေရိကန်က လက်တွေ့အခြေအမြစ်လုံးဝမရှိဘဲ တရုတ်ကို ဦးတည်ဆောင်ရွက်သည့် “၃၀၁ စုံစမ်းစစ်ဆေး ခြင်း”နှင့် “အခွန်ကောက်ခံမှုအကြံပြုချက်” ထုတ်ပြန်ခြင်းကို အပြင်းအထန် အပြစ်တင်ရှုံ့ချကြောင်း အမေရိကန် နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက ဧပြီလ ၃ ရက်နေ့တွင် ထုတ်ပြန်သည့်ကြေညာချက်၌ ဖော်ပြထားသည်။
ရန်ကုန် ၊ ဧပြီ ၄ ရက်(ဆင်ဟွာ) နေပြည်တော်တွင် မြို့တော်ဝန် မဟာသြင်္ကန် မဏ္ဍပ်အပါအဝင် မဏ္ဍပ်ပေါင်း ၂၂ ခု ဆောက်လုပ်သွားမည်ဖြစ်ပြီး လမ်းလျှောက် သြင်္ကန်များ လည်း ပါဝင်မည်ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။
အန်ကာရာ ၊ ဧပြီ ၄ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်က တူရကီနိုင်ငံသို့ S-400 ဒုံးပျံကာကွယ်ရေးစနစ် များလွှဲပြောင်းပေးရန် ရုရှား နှင့် တူရကီ နိုင်ငံတို့အကြား သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်း ဧပြီလ ၃ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ရန်ကုန်၊ ဧပြီ ၄ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် မြှာကျေးရွာအုပ်စု ရှမ်းတဲကျေးရွာတွင် ဧပြီ ၃ရက် မွန်းလွဲ ၁ နာရီခွဲ ခန့်၌ စစ်ကျန် ဗုံးသီးဟောင်း ၁၃ လုံး တွေ့ရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
တူရင်း ၊ ဧပြီ ၄ ရက်(ဆင်ဟွာ) အီတလီနိုင်ငံ တူရင်းမြို့၌ ဧပြီလ ၃ ရက်တွင် ယှဉ်ပြိုင်ကစားခဲ့သော UEFA ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်တစ်ခု၏ အိမ်ရှင် ဂျူဗင်တပ်အသင်း နှင့် ရီယဲလ်မက်ဒရစ်အသင်းတို့၏ ပထမအကြော့ပွဲစဉ်တွင် ရီယဲလ်မက်ဒရစ်အသင်းက ၃ ဂိုး – ဂိုး မရှိဖြစ်...
ကယ်လီဖိုးနီးယား ၊ ဧပြီ ၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ရှိ Youtube ရုံးချုပ်၌ ပစ်ခတ်မှုဖြစ်ပွားရာ လူ ၄ ဦးဒဏ်ရာရပြီး ၊ ပစ်ခတ်မှုကျူးလွန်သူဟု သံသယရှိသူအမျိုးသမီးမှာ သေဆုံးသွားကြောင်း ဆန်ဗျူနိုရဲတပ်ဖွဲ့က ဆိုသည်။(Xinhua)
ရန်ကုန်၊ ဧပြီ ၃ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း ဧပြီ ၃ရက် ညနေပိုင်းတွင် မိုးပြင်းထန်စွာရွာသွန်းမှုကြောင့် အပျက်အစီးများရှိကြောင်း သိရသည်။
ရန်ကုန်၊ ဧပြီ ၃ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ မဟာသြင်္ကန်ပွဲတော်ကို ရိုးရာယဉ်ကျေးမှု အစဉ်အလာနှင့်အညီ ကျင်းပပြီး နိုင်ငံတကာက စိတ်ဝင်စားသည့် နှစ်သစ်ကူးပွဲတော် ဖြစ်လာစေရန် မျှော်မှန်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း က ပြောကြားသည်။
ရန်ကုန်၊ ဧပြီ ၃ ရက် (ဆင်ဟွာ) ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာနှစ် မတ်လ ၂၀ ရက်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် အမေရိကန်ဒေါ်လာ ၆ ဒသမ ၁ ဘီလီယံရှိလာပြီဖြစ်ကြောင်း ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။
ရန်ကုန်၊ ဧပြီ ၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၏ ဒုတိယမြောက် AFC Instructor (အာရှဘောလုံးအဖွဲ့ချုပ်နည်းပြ) အဖြစ် ဦးတင်မြင့်အောင် တာဝန်ပေးခံရကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။