Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်တွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ငန်းရှင်များ ဝိုင်းဝန်းအကူအညီ ပေးစေလိုဟုဆို

UEHRD လုပ်ငန်းအဖွဲ့၏ ၂၀၁၉ ခုနှစ် ပထမအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပစဉ်(MOI)

ရန်ကုန်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်တွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် စီးပွားရေးလုပ်ငန်းရှင်များ ဝိုင်းဝန်းအကူအညီ ပေးစေလိုကြောင်း ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာ ချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) လုပ်ငန်းအဖွဲ့၏ ၂၀၁၉ ခုနှစ် ပထမအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေး၌ UEHRD ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်က ပြောကြားသည်။

ရခိုင်ပြည်နယ်ကို စီးပွားရေးအရ တိုးတက်စေချင်ကြောင်း၊ စီးပွားရေး မတိုးတက်ခဲ့သည့်အတွက် အခက်အခဲများစွာ ရှိခဲ့ကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ်တွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ဝိုင်းဝန်းအကူအညီ ပေးစေလိုကြောင်း၊ စီးပွားရေးတိုးတက်မှသာလျှင် ကျန်ရှိသည့် လူမှုရေး ပြဿနာများကို ဖြေရှင်းနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းကဆိုသည်။

ပြန်လည်နေရာချထားရေး၊ လူသားချင်းစာနာထောက်ထားမှု၊ ဒေသဖွံ့ဖြိုးမှုများကို လုပ်ဆောင်သည့်အခါတွင် လက်ရှိ နေထိုင်နေကြသည့် ဒေသခံပြည်သူများအတွက်ကိုလည်း အကူအညီပေးရန် အာရုံစိုက်ဖို့ လိုကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာ ချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) လုပ်ငန်းအဖွဲ့၏ ၂၀၁၉ ခုနှစ် ပထမအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၂၃ ရက်တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် ရခိုင်ပြည်နယ်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုရေးပြဿနာများ လျော့ပါးစေရေး၊ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေး၊ ပဋိပက္ခဖြစ်ပွားခဲ့သည့် ဒေသတွင်းရှိ ပြည်သူများအား အဆင်ပြေစွာ နေထိုင်နိုင်စေရန် အကူအညီပေးရေး၊ UEHRD လုပ်ငန်းအဖွဲ့များအနေဖြင့် လက်ရှိ မြေပြင်အခြေအနေအရ ကွင်းဆင်းဆောင်ရွက်သွားမည့် အခြေအနေ၊ UEHRD လုပ်ငန်းအဖွဲ့အနေဖြင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေးခဲ့ကြာင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.