Connect with us

Europe

ပြင်သစ်နိုင်ငံ သမ္မတ မိုက်ခရွန်နှင့် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိ တွေ့ဆုံဆွေးနွေး

ပြင်သစ်နိုင်ငံ သမ္မတ မိုက်ခရွန်နှင့် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ၊နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး ၀မ်ရိတို့ တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပါရီ၊ ဇန်နဝါရီ ၂၄ ရက်(ဆင်ဟွာ)

ပြင်သစ်နိုင်ငံ သမ္မတ မိုက်ခရွန်သည် တရုတ်နိုင်ငံ နိုင်ငံတော် ကောင်စီဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိနှင့် ဇန်နဝါရီ ၂၃ ရက် က Elysee နန်းတော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးစဉ် သမ္မတ မိုက်ခရွန်က သမ္မတ ရှီကျင့်ဖိန်ထံ နှုတ်ခွန်းဆက်သကြောင်း၊ ပြင်သစ်နိုင်ငံအနေဖြင့် ပြင်သစ်-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေးကို အထူးအလေးထားပါကြောင်း ၊နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထားရှိသည့် ၅၅ နှစ်ပြည့်နှစ်ပတ်လည်အခါသမယတွင် တရုတ်နိုင်ငံနှင့် အဆင့်မြင့်အရာရှိဆက်ဆံရေး နီးနီးကပ်ကပ်ဆောင်ရွက်သွားလိုပြီး ရင်းနှီးမြုပ်နှံမှု၊ ကုန်သွယ်စီးပွား၊ နျူကလီးယားစွမ်းအင်နှင့်လေကြောင်းအာကာသ စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများကို ထဲထဲဝင်ဝင်ဆောင်ရွက်သွားကာ ယဉ်ကျေးမှု၊ ပညာရေး၊ လူငယ်ဖလှယ်ရေးတို့ကို တိုးမြှင့် ဆောင်ရွက် သွားလိုကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ပြင်သစ်နိုင်ငံအနေဖြင့် တရုတ်လုပ်ငန်းရှင် များ လာရောက်ရန် ကြိုဆိုကြောင်း ၊ နိုင်ငံတကာရေးရာတွင် တရုတ်နိုင်ငံနှင့်အတူ ဆွေးနွေးညှိနှိုင်းမှုများ တိုးမြှင့်ဆောင်ရွက်သွားကာ နိုင်ငံပေါင်းစုံ၊ဘက်ပေါင်းစုံဝါဒကို အတူ ကာကွယ်သွားလိုကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိကလည်း သမ္မတရှီကျင့်ဖိန်၏နှုတ်ခွန်းဆက်စကားအား ပြန်လည်ပြောကြားခဲ့သည်။ သမ္မတ မိုက်ခရွန်၏ တစ်နှစ်တာကာလ တရုတ်နိုင်ငံအလည်အပတ် ခရီးစဉ်တွင် သမ္မတရှီနှင့်သဘောတူညီမှု ရရှိခဲ့သည့် ကဏ္ဍများကို ကောင်းမွန်စွာ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ပူးပေါင်းဆောင်ရွက်မှုများသည်လည်း အပြုသဘောဆောင်သည့် အောင်မြင်မှုများရရှိခဲ့ကြောင်း ၊ ၎င်းမှာ နှစ်နိုင်ငံ အဆင့်မြင့် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု အလားအလာအမြောက်အမြား ရှိခြင်းကို ဖော်ဆောင်နေကြာင်း ၊ ၂၀၁၉ခုနှစ် တရုတ်-ပြင်သစ်နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်သည့် ၅၅ နှစ်ပြည့် ဂုဏ်ပြုအခမ်းအနားကို အတူတကွ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အဆင့်မြင့်အရာရှိ ဆက်ဆံရေးကို နီးနီးကပ်ကပ်ဆောင်ရွက်သွားမည်ဖြစ်သလို နျူကလီးယားစွမ်းအင်၊အသစ်ဖန်တီးမှုစသည့်ကဏ္ဍများနှင့် ခေတ်သစ်ပိုးလမ်းမကြီး မူဘောင်အောက်ရှိ ပူးပေါင်းဆောင်ရွက်မှုများကိုတိုးမြှင့်ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ပြင်သစ်နိုင်ငံနှင့်အတူ စည်းမျဉ်းစည်းကမ်းများကို အခြေခံသည့် နိုင်ငံပေါင်းစုံ ဘက်ပေါင်းစုံဝါဒကို ကာကွယ်ထိန်းသိမ်းသွားမည်ဖြစ်သလို ကုလသမဂ္ဂကို ဗဟိုပြုသည့် ယနေ့ခေတ် နိုင်ငံတကာစနစ်ကိုလည်းကာကွယ်သွားမည်ဖြစ်ကာ နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေး အင်အားသစ်များ ဖြည့်တင်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် တံခါးဖွင့်စနစ်ကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လျက်ရှိရာ ပြင်သစ်အပါအဝင် အခြား ပြည်ပလုပ်ငန်းများ တရုတ်နိုင်ငံသို့လာရောက် ရင်းနှီးမြှုပ်နှံရာတွင် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးသွားလိုကြောင်း ပြောကြားခဲ့သည်။

ဇန်နဝါရီ ၂၃ ရက်တွင် ဝန်ကြီး ဝမ်ရိသည် ပါရီမြို့သို့ သွားရောက်၍ ပြင်သစ်သမ္မတ သံတမန်ရေးရာ အကြံပေး Philippe Etienne နှင့်အတူ ၁၈ ကြိမ်မြောက် တရုတ်-ပြင်သစ်မဟာဗျူဟာမြောက် တွေ့ဆုံ ဆွေးနွေးပွဲကို တက်ရောက်ခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.