Connect with us

Africa & Middle East

IS စစ်သွေးကြွတို့၏ ကြီးစိုးခဲ့ရာမြို့၌ ရုပ်အလောင်းများစွာ တူးဖော်တွေ့ရှိ

ဆီးရီးယားနိုင်ငံ တွင် IS စစ်သွေးကြွတို့၏ ကြီးစိုးခဲ့ရာမြို့၌ တူးဖော်တွေ့ရှိခဲ့သည့် ရုပ်အလောင်းများအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဒမတ်စကပ်စ်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ မြောက်ပိုင်း တွင် ယခင်က IS စစ်သွေးကြွတို့၏ မြို့တော်ဖြစ်ခဲ့သော Raqqa ပြည်နယ်အစွန် တွင် ဇန်နဝါရီ ၂၃ရက် က ပျက်စီးယိုယွင်းနေသော ရုပ်အလောင်း ၁၀၀၀ ခန့်ပါဝင်သည်ဟု ယူဆရသော ဂူသချုႋင်းတစ်ခု ကို တူးဖော်တွေ့ရှိခဲ့ကြောင်း စစ်ပွဲဆိုင်ရာလေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့က ပြောကြားခဲ့သည်။

Raqqa ပြည်နယ်အစွန် ရှိ IS တို့ ထိန်းချုပ်ထားခဲ့သော Fukhaikha ဧရိယာ တွင် တွေ့ရှိခဲ့သော ဂူသချုႋင်းမှ ရုပ်အလောင်းများသည် IS တို့ Raqqa ပြည်နယ်အားထိန်းချုပ်ထားစဉ် သတ်ဖြတ်ခဲ့သော လူများဖြစ်ကြောင်း လူအခွင့်အရေးဆိုင်ရာ ဆီးရီးယားစောင့်ကြည့်ရေးအဖွဲ့ကပြောကြားခဲ့သည်။

မြောက်မြားစွာသော ဂူသချုႋင်းများကို Raqqa ပြည်နယ် နှင့် ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းရှိ IS တို့ထိန်းချုပ်ထားခဲ့သော ဧရိယာများတွင် တွေ့ရှိခဲ့ရကြောင်း သိရသည်။

ကာ့ဒ်လူမျိုးတို့ ဦးဆောင်သော ဆီးရီးယားလွတ်မြောက်ရေးတပ်ဖွဲ့ (SDF) သည် ၂၀၁၇ခုနှစ် အမေရိကန်ဦးဆောင်သော မဟာမိတ်တပ်ဖွဲ့၏ အကူအညီဖြင့် Raqqa ပြည်နယ်ကိုပြန်လည်သိမ်းယူခဲ့ကြောင်း သိရသည်။

SDF တပ်ဖွဲ့သည် ဇန်နဝါရီ ၂၃ရက်တွင် နိုင်ငံအရှေ့ပိုင်း Euphrates ဒေသရှိ IS တို့၏ နောက်ဆုံးထိန်းချုပ်ရာ ရွာတစ်ရွာကို အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.