မော်စကို ၊ မတ် ၃ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံအနေဖြင့် လက်နက်ထိန်းချုပ်ခြင်းဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်ကို ချိုးဖောက်ခြင်းမရှိကြောင်း ၊ ၎င်းတို့၏ မဟာဗျူဟာမြောက်လက်နက်များ ထုတ်ဖော်ပြသခဲ့ပြီးနောက် အမေရိကန်နိုင်ငံ၏ စွပ်စွဲပြောကြားချက်များအပေါ် ရုရှားနိုင်ငံကရင်မလင်နန်းတော်က မတ်လ ၁ ရက်တွင် တုံ့ပြန်ပြောကြားလိုက်သည်။
ချီကာဂို၊ မတ်လ ၃ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ Mt. Pleasant မြို့ ရှိ ဗဟိုမီချီဂန်တက္ကသိုလ်၏ အဆောင်တစ်ခုတွင် မတ်လ ၂ရက် နံနက်ပိုင်းက သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၂ဦးသေဆုံးကြောင်း Detroit Free Press သတင်းဋ္ဌာနက ဖော်ပြခဲ့သည်။
ရန်ကုန်၊ မတ် ၃ ရက် (ဆင်ဟွာ) ချင်းပြည်နယ်၊ ထန်တလန်မြို့၏ တောင်-အနောက်တောင်ဘက် (၂၆)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် (၂၂.၃၂) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၃၄) ဒီဂရီ၊ အနက်(၂၂)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၆)အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန...
ပေကျင်း၊ မတ် ၂ ရက်(ဆင်ဟွာ) အမျိုးသား ပြည်သူ့ ကွန်ဂရက် (National People’s Congress= NPC) ပထမအကြိမ် နှစ်ပတ်လည် အစည်းအဝေးအား မတ်လ ၅ ရက်တွင်လည်းကောင်း၊ တရုတ် ပြည်သူ့ နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှု ညီလာခံ (Chinese People’s Political Consultative...
ရန်ကုန်၊ မတ် ၂ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်တွင် ငွေကျပ် ၄၄၄ သိန်း တန်ဖိုးရှိ ဘိန်းစိမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ဘာကူ၊ မတ် ၂ ရက် (ဆင်ဟွာ) အဇာဘိုင်ဂျန်နိုင်ငံ မြို့တော်ရှိ မူးယစ်ဆေးဝါး ပြန်လည်ထူထောင်ရေးစင်တာ တစ်ခုတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၄ ဦး သေဆုံးခဲ့ကြောင်း မတ်လ ၂ ရက်တွင် ထုတ်ပြန်လိုက်သည့် ပူးတွဲကြေညာချက်၌ အာဏာပိုင်များက ပြောကြားလိုက်သည်။
လန်ဒန်၊ မတ် ၂ ရက် (ဆင်ဟွာ) အီဂျစ်နိုင်ငံမှ နှစ်ပေါင်း ၅,၀၀၀ သက်တမ်းရှိသော မမ်မီရုပ်အလောင်း နှစ်ခုတွင် ကမ္ဘာ့ ရှေးအကျဆုံးဟု ထင်ရသည့် တက်တူးများအား သုတေသီများက တွေ့ရှိခဲ့ကြောင်း နောက်ဆုံး လေ့လာမှုတစ်ရပ် အရ သိရသည်။
ရန်ကုန်၊ မတ် ၂ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးတွင် အစိုးရဆေးရုံများနှင့် ပုဂ္ဂလိကဆေးရုံများ ပေါင်းစပ်ကြရန် စဉ်းစားရတော့မည့် အချိန်ကို ရောက်ရှိပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။
ဝါရှင်တန်၊ မတ် ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမှသိပ္ပံပညာရှင်များက -70 ဒီဂရီဆဲပ်စီးယပ်စ်တွင် အသုံးပြုနိုင်သည့် လီသီယမ်ဘက်ထရီ တစ်မျိုးကို တီထွင်နေပြီဖြစ်ရာ နောင်အနာဂတ်တွင် ကမ္ဘာ့အအေးဆုံးဒေသများအပြင် အာကာသတွင်ပါ အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။