Connect with us

Economy

တရုတ်-မြန်မာ နှစ်နိုင်ငံ ခရီးသွား လုပ်ငန်း အတွက် အားအင်သစ်များ ဖြည့်စွက်နိုင်ရန် နှစ်နိုင်ငံ ပညာရှင်းများ နှီးနှောဖလှယ် ပွဲကျင်းပ


ရန်ကုန် ၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် နှင့် အားအင်သစ်များ ဖြည့်စွက် နိုင်ရန် အတွက် ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်း တွင် ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှု စင်တာ ၌ “တရုတ်-မြန်မာ ခရီးသွားမြို့များ ပူးပေါင်းဆောင်ရွက်မှု နှီးနှောဖလှယ်ပွဲ” အား ကျင်းပ ပြုလုပ် ခဲ့သည်။

အခမ်းအနား သို့ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံရုံး သံမှူးကြီး Ms.Li Xiao Yan(ဒေါ်နွဲ့ကလျာ) ၊ ယဉ်ကျေးမှု သံမှူး ထျန်ဆန့်ထင် နှင့် သံရုံး သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ မြန်မာ နိုင်ငံ ဟိုတယ် နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန ၊ ရန်ကုန်တိုင်း ဒေသကြီး ညွှန်ကြားရေးမှူး ဦးနိုင်ဝင်း ၊ မြန်မာ-တရုတ်ချစ်ကြည်ရေး အသင်း(ဗဟို) ဒုတိယ ဥက္ကဋ္ဌ ဦး မြတ်သင်းအောင် ၊ မြန်မာ နိုင်ငံ ခရီးသွား လုပ်ငန်း အသင်းချုပ် ဥက္ကဋ္ဌ ဦးရန်ဝင်း ၊ မြန်မာ-တရုတ် ခရီးသွား လုပ်ငန်း မြှင့်တင်ရေး လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဦးအုန်းမြင့် ၊ မြန်မာ နိုင်ငံ ရှိ တရုတ် နိုင်ငံ ကုန်သည်လုပ်ငန်းရှင်များ အသင်း(CECCM) ဥက္ကဋ္ဌ လျိုယင် (Liu Ying) နှင့် ဒုတိယ ဥက္ကဋ္ဌ မစ္စတာ လော့ကျွင်း(Mr.Luo Jun) ၊ ၊ တရုတ် နိုင်ငံ ယူနန်ပြည်နယ် ခရီးသွား လုပ်ငန်း စီမံခန့်ခွဲမှု ဆိုင်ရာ သုတေသန အကယ်ဒမီ ဒုတိယ ဥက္ကဋ္ဌ မစ္စတာ မုန်လွေ့(Mr.Meng Rui) ၊ ယူနန် တက္ကသိုလ် ဒုတိယ ပါမောက္ခ မစ္စ ကျောက်ဆူးဟုန် (Ms.Zhao Shuhong) ၊ တရုတ်-မြန်မာ ခရီးသွား လုပ်ငန်း ကဏ္ဍ နယ်ပယ် အသီးသီး မှ ပညာရှင်များ ၊ လုပ်ငန်း ကိုယ်စားလှယ်များ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ခဲ့သည်။

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံရုံး သံမှူးကြီး Ms.Li Xiao Yan(ဒေါ်နွဲ့ကလျာ) က အမှာစကား ပြောကြားရာတွင် ခရီးသွား လုပ်ငန်း က နိုင်ငံအသီးသီး ပြည်သူလူထုများ အကြား ယဉ်ကျေးမှု ဖလှယ်ခြင်း အား တွန်းအားပေးနိုင်သည့် လုပ်ငန်းတစ်ခု ဖြစ်ပြီး အပြန်အလှန် နားလည်မှု နှင့် နှလုံးသားချင်း အနီးကပ် ချိတ်ဆက်မှု တို့ ဆောင်ရွက်ရာတွင် အလွန်ကောင်းမွန်သည့် လုပ်ငန်း တစ်ခု ဖြစ်ကြောင်း ၊ လတ်တလော နှစ်ပိုင်းအတွင်း နှစ်နိုင်ငံ တာဝန်ရှိသူ တို့၏ တွန်းအားပေး ဆောင်ရွက်မှုကြောင့် တရုတ်-မြန်မာ ခရီးသွား လုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု က ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက် လာပြီး အနာဂတ် အလားအလာ လွန်စွာ ကောင်းမွန်နေကြောင်း ၊ ၂၀၁၇ ခုနှစ် မတ်လ ပိုင်း တွင် ပထမဆုံး အကြိမ် တရုတ်-မြန်မာ ခရီးသွား လုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် ကို နေပြည်တော် တွင် ကျင်းပ ပြုလုပ်နိုင်ခဲ့ပြီး “နေပြည်တော် ခရီးသွား လုပ်ငန်း ဖော်ဆောင်မှု” ကို အတူတကွ ထုတ်ပြန်ကြေညာ နိုင်ခဲ့ကာ နှစ်နိုင်ငံ ၏ အနာဂတ် ပူးပေါင်းဆောင်ရွက်မှု ဦးတည်ချက် ကို လမ်းညွှန်ပေးနိုင်ခဲ့ကြောင်း ၊ လက်ရှိတွင် တရုတ် နိုင်ငံ က မြန်မာ နိုင်ငံ သို့ ဒုတိယ အများဆုံး လာရောက်လည်ပတ်မှု ပြုလုပ်သည့် နိုင်ငံ ဖြစ်လာ ခဲ့ပြီး တရုတ် နိုင်ငံ သို့ သွားရောက် လည်ပတ်သည့် မြန်မာ နိုင်ငံသား များသည်လည်း သိသာထင်ရှားစွာ တိုးတက်လာခဲ့ကြောင်း ၊ ယနေ့ တွင် တရုတ် နိုင်ငံ ခရီးသွား လုပ်ငန်း မှ ပညာရှင် များက ပူးပေါင်းဆောင်ရွက်ရန် အတွက် လာရောက် နှီးနှောဖလှယ် ကြသည့် အတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အတွက် များစွာ တွန်းအားပေး စေနိုင်မည် ကို ယုံကြည်ကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ အတူတကွ ကြိုးပမ်းဆောင်ရွက်မှုကြောင့် နှစ်နိုင်ငံ ခရီးသွား ကဏ္ဍ အောင်မြင်မှုများစွာ ရရှိနိုင်မည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

“တရုတ်-မြန်မာ ခရီးသွားမြို့များ ပူးပေါင်းဆောင်ရွက်မှု နှီးနှောဖလှယ်ပွဲ” ဖွင့်ပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

“တရုတ်-မြန်မာ ခရီးသွားမြို့များ ပူးပေါင်းဆောင်ရွက်မှု နှီးနှောဖလှယ်ပွဲ” ဖွင့်ပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံရုံး သံမှူးကြီး Ms.Li Xiao Yan(ဒေါ်နွဲ့ကလျာ) က အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဟိုတယ် နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန ၊ ရန်ကုန်တိုင်း ဒေသကြီး ညွှန်ကြားရေးမှူး ဦးနိုင်ဝင်း က အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ ယူနန်ပြည်နယ် ခရီးသွား လုပ်ငန်း စီမံခန့်ခွဲမှု ဆိုင်ရာ သုတေသန အကယ်ဒမီ ဒုတိယ ဥက္ကဋ္ဌ မစ္စတာ မုန်လွေ့(Mr.Meng Rui) က နှုတ်ခွန်းဆက် စကား ပြောကြားနေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ခရီးသွား လုပ်ငန်း အသင်းချုပ် ဥက္ကဋ္ဌ ဦးရန်ဝင်း က နှုတ်ခွန်းဆက် စကား ပြောကြားနေစဉ်(ဆင်ဟွာ)

ယူနန် တက္ကသိုလ် ဒုတိယ ပါမောက္ခ မစ္စ ကျောက်ဆူးဟုန် (Ms.Zhao Shuhong) က ရှင်းလင်းတင်ပြ နေစဉ်(ဆင်ဟွာ)

မြန်မာ-တရုတ် ခရီးသွား လုပ်ငန်း မြှင့်တင်ရေး လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဦးအုန်းမြင့် က ရှင်းလင်းတင်ပြ နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဟိုတယ် နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန ၊ ရန်ကုန်တိုင်း ဒေသကြီး ညွှန်ကြားရေးမှူး ဦးနိုင်ဝင်း က အမှာစကား ပြောကြားရာတွင် မြန်မာ-တရုတ် နှစ်နိုင်ငံ ခေါင်းဆောင် တို့က နှစ်နိုင်ငံ ချစ်ကြည်ရေး ပိုမို ခိုင်မြဲ ပြီး ဖွံ့ဖြိုးတိုးတက်စေရန် အတွက် တည်ဆောက်လျက် ရှိကြောင်း ၊ ဝန်ကြီးဌာန အနေဖြင့်လည်း မြန်မာ-တရုတ် ခရီးသွားလာရေး လုပ်ငန်း မြှင့်တင်ရေး အဖွဲ့ ကိုလည်း ဖွဲ့စည်း ခဲ့ပြီး နှစ်နိုင်ငံ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် အတွက် ဆောင်ရွက်လျက် ရှိကြောင်း ၊ လက်ရှိ တွင် တရုတ် နိုင်ငံ ခရီးသွား ဧည့်သည်များ က မြန်မာ နိုင်ငံ သို့ ပိုမိုနစ်သက် ၍ လာရောက် လည်ပတ် လာခဲ့ပြီး ယခု တွင်လည်း နှစ်နိုင်ငံ ခရီးသွား လုပ်ငန်း ပိုမို ဖွံ့ဖြိုးတိုးတက်အောင် နှီနှောဖလှယ်ပွဲ ကျင်းပ ပြုလုပ်သည့် အတွက် လွန်စွာ ဝမ်းမြောက် ဂုဏ်ယူကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ ယူနန်ပြည်နယ် ခရီးသွား လုပ်ငန်း စီမံခန့်ခွဲမှု ဆိုင်ရာ သုတေသန အကယ်ဒမီ ဒုတိယ ဥက္ကဋ္ဌ မစ္စတာ မုန်လွေ့ က နှုတ်ခွန်းဆက် စကား ပြောကြားရာတွင် ယဉ်ကျေးမှု ဖလှယ်ခြင်း နှင့် ခရီးသွား လုပ်ငန်း ပူးပေါင်းဆောင်ရွက်ခြင်း သည် တရုတ်-မြန်မာ နှစ်နိုင်ငံ အစိုးရ နှင့် ပြည်သူလူထု တို့ အကြား ချစ်ကြည်ဆက်ဆံရေး အတွက် ရေရှည်ပူးပေါင်းဆောင်ရွက်မည့် အရေးပါသည့် အခန်းကဏ္ဍ တစ်ခု ဖြစ်ကြောင်း ၊ ၂၀၁၆ ခုနှစ် တွင် ပထမဆုံး အကြိမ် ကျင်းပ ပြုလုပ် ခဲ့သည့် လန်ချန်း-မဲခေါင် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ခေါင်းဆောင်များ အစည်းအဝေး ၌ “လန်ချန်း-မဲခေါင် ခရီးသွားမြို့များ ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ချုပ် ထူထောင်ရေး” သဘောတူညီချက် အား ချမှတ် နိုင်ခဲ့ပြီး တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန က ယင်းဆောင်ရွက်မှုအား ယူနန်ပြည်နယ် မှ ဦးဆောင်၍ ပါဝင်ဆောင်ရွက်ရန် ညွှန်ကြား ခဲ့ကြောင်း ၊ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ တွင် တရုတ် နိုင်ငံ ယူနန်ပြည်နယ် မှ ဦးဆောင်၍ လန်ချန်း-မဲခေါင် ခရီးသွားမြို့ များ ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ချုပ် အတွင်းရေးမှူးရုံး အား ထူထောင်ရန် သဘောတူညီခဲ့ကြပြီး ယခု အကြိမ်တွင်လည်း အတွင်းရေးမှူးရုံး အား ကိုယ်စားပြု၍ လာရောက် ခဲ့ခြင်း ဖြစ်ကာ ရန်ကုန်မြို့ အား အဖွဲ့ချုပ် သို့ ပါဝင်ရန် ဖိတ်ခေါ်ကြောင်း ၊ တရုတ်-မြန်မာ ခရီးသွား လုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်သွားပြီး လန်ချန်း-မဲခေါင် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု အား ပိုမို မြင့်မားသည့် အဆင့်သို့ ရောက်ရှိအောင် ဆောင်ရွက်သွားစေလိုကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ခရီးသွား လုပ်ငန်း အသင်းချုပ် ဥက္ကဋ္ဌ ဦးရန်ဝင်း က နှုတ်ခွန်းဆက် စကား ပြောကြားရာတွင် မြန်မာ-တရုတ် နှစ်နိုင်ငံ က တောတောင်ရေမြေခြင်း ဆက်စပ် နေပြီး ရှည်လျား သည့် ချစ်ခင်ရင်းနီးမှု ဆက်ဆံရေး တည်ရှိကြောင်း ၊ တရုတ် နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာသည် နှင့် အမျှ ကမ္ဘာအနှံ့ သို့ ခရီးသွားလာခြင်း သည်လည်း တိုးတက်လာခဲ့ကြောင်း ၊ မြန်မာ နိုင်ငံ တွင် ခရီးသွား သယံဇာတ လွန်စွာ ပေါကြွယ်ဝသဖြင့် တရုတ် နိုင်ငံ ပြည်သူလူထု တို့မှ လာရောက်လည်ပတ် ကြရန် ဖိတ်ခေါ်ကြောင်း ၊ လက်ရှိချိန်တွင် မြန်မာ-တရုတ် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် အတွက် စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နေပြီး ခရီးသည်များ ပိုမို အဆင်ပြေချောမွေ့လွယ်ကူစွာ ဝင်ရောက်လာနိုင်ရန် အတွက်လည်း ဆောင်ရွက်နေကြောင်း ၊ မြန်မာ-တရုတ် နှစ်နိုင်ငံ တို့ မှ ခရီးသွား လုပ်ငန်း မြှင့်တင်နိုင်ရန် အတွက် ရေရှည်ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားစေလိုကြောင်း ပြောကြား ခဲ့သည်။

ယူနန် တက္ကသိုလ် ဒုတိယ ပါမောက္ခ မစ္စ ကျောက်ဆူးဟုန် (Ms.Zhao Shuhong) က ယူနန်-မြန်မာ ခရီးသွား လုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်ပြီး ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အား တွန်းအားပေးနိုင်ရေး ဟူသည့် ခေါင်းစဉ် ဖြင့် စာတမ်း ဖတ်ကြားပေး ခဲ့ပြီး မြန်မာ-တရုတ် ခရီးသွား လုပ်ငန်း မြှင့်တင်ရေး လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဦးအုန်းမြင့် က မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်မှု မှ လန်ချန်း-မဲခေါင် ခရီးသွား လုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု အတွက် အားအင်သစ်များ ဖြည့်စွက်ပေးနိုင်ဟူသည့် ခေါင်းစဉ်ဖြင့် ပါဝင် ဆွေးနွေး ခဲ့သည်။

ထို့နောက် တွင် တရုတ်-မြန်မာ ခရီးသွား လုပ်ငန်း သက်ဆိုင်ရာ ကဏ္ဍအသီးသီး မှ ပုဂ္ဂိုလ်များ က နှစ်နိုင်ငံ ချစ်ကြည်ရေး မြို့တော်များ ထူထောင်ခြင်း ၊ လန်ချန်း-မဲခေါင် ခရီးသွား လုပ်ငန်း လူ့စွမ်းအား အရင်းမြစ်များ မွေးထုတ်ခြင်း စီမံကိန်း အား အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ၊ လန်ချန်း-မဲခေါင် ခရီးသွားမြို့များ အစီရင်ခံစာ အတူတကွ ပြုလုပ်ခြင်း နှင့် တရုတ်-မြန်မာ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ကိစ္စရပ် အသီးသီး တို့နှင့် ပတ်သက်၍ သဘောထားအမြင်များ နှီးနှောဖလှယ် ခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.