မနီလာ၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန်သည် နိုဝင်ဘာ ၁၂ ရက်တွင် တရားဝင်ခရီးစဉ် အဖြစ် ဖိလစ်ပိုင်နိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး အရှေ့အာရှ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ခေါင်းဆောင်များ အစည်းအဝေးပွဲများသို့ တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဟနွိုင်း၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ၊ တရုတ်နိုင်ငံကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန် သည် ဗီယက်နမ်နိုင်ငံမြို့တော် ဟနွိုင်းမြို့သို့ နိုဝင်ဘာ ၁၂ရက်တွင် နိုင်ငံတော်ခရီးစဉ် အဖြစ် ရောက်ရှိလာကြောင်း သိရသည်။
ဒါနန်း၊ ဗီယက်နမ်၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေး တို့သည် ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့တွင် နိုဝင်ဘာ ၁၁ရက်က တွေ့ဆုံခဲ့ပြီး တရုတ်နိုင်ငံ နှင့် ဆက်ဆံရေးတိုးတက်လာစေရန် လက်တွေ့ကျသည့် ဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်ရန် နှင့် နှစ်နိုင်ငံအကြား...
ဒါနန်း၊ ဗီယက်နမ်၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဖိလစ်ပိုင်သမ္မတ ရိုဒရီကိုဒူတာတေးတို့သည် နိုဝင်ဘာ ၁၁ရက်တွင် အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) စီးပွားရေးခေါင်းဆောင်များ အစည်းအဝေး ပြင်ပ ၌ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေးခိုင်မာလာစေရေးအတွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရန်ကုန် ၊ နိုဝင်ဘာ ၁၂ ရက်(ဆင်ဟွာ) ဒုတိယအကြိမ်မြောက် ဖွင့်လှစ်လိုက်သည့် စနေ-တနင်္ဂနွေ ရန်ကုန် စာအုပ်လမ်း(Yangon Book Street)အား ယခု နိုဝင်ဘာလမှ စတင်ကာ ပွင့်လင်းရာသီ ဧပြီလဆန်း အထိဖွင့်လှစ် သွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ သိရသည်။
ဒါနန်း၊ ဗီယက်နမ်၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နှင့် ချီလီနိုင်ငံ နှစ်နိုင်ငံ အကြား လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက် (FTA) မြှင့်တင်ခြင်းဆိုင်ရာ နှစ်နိုင်ငံ သဘောတူညီချက်ကို နိုဝင်ဘာ ၁၁ ရက်တွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ချီလီနိုင်ငံ သမ္မတ Michelle...
ရန်ကုန် ၊ နိုဝင်ဘာ ၁၂ ရက်(ဆင်ဟွာ) အကောက်ခွန်မဲ့ပစ္စည်း ခန့်မှန်း တန်ဖိုး ငွေကျပ် ၄၈၁၇.၂၇၈ သန်းခန့်အား အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်အထိ တစ်လ တာအတွင်း သိမ်းဆည်းရမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ) ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှုကြောင့် ကျပ်သန်းပေါင်း ၃၇၀၀၀ကျော် ဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှ သိရသည်။
ဟို့စ်တန်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဟို့စ်တန်မြို့လယ် Whitehall ဟိုတယ်ရှိ မြေအောက် လျှပ်စစ်ဆိုင်ရာ အခန်းတွင် နိုဝင်ဘာလ ၁၀ ရက်က ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ရာ လူ နှစ်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဟို့စ်တန် မီးသတ်ဋ္ဌာန (HFD) ထံမှ သိရသည်။
ပေကျင်း၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ) ၁၉ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ (CPC) အမျိုးသားညီလာခံ အကြောင်း ရေးသားထားသည့် မှတ်စုစာတမ်းများ နှင့် စာအုပ်ပေါင်း ၇၁.၇သန်း ကို နိုဝင်ဘာ ၁၀ ရက်မှ စ၍ ထုတ်ဝေရောင်းချနိုင်ခဲ့ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။