Connect with us

Australia / Oceania

သြစတြေးလျ ဂီတ နှင့် အက ပွဲတော်တွင် မူးယစ်ဆေးဝါး အသုံးလွန်၍ ဆယ်ကျော်သက်တစ်ဦးသေဆုံး

သြစတြေးလျနိုင်ငံတွင် ဒီဇင်ဘာ ၈ရက် ညပိုင်းက ကျင်းပသော Knockout Games of Destiny ပွဲတော်အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဆစ်ဒနီ၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ)

သြစတြေးလျနိုင်ငံတွင် ဒီဇင်ဘာ ၈ရက် ညပိုင်းက ကျင်းပသော ဂီတ နှင့် အက ပွဲတော်ကြီးတစ်ခုသို့ တက်ရောက်ခဲ့သော ဆယ်ကျော်သက် တစ်ဦး သေဆုံးပြီး အနည်းဆုံး လူ ၁၆ဦးကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း နှင့် ယင်းသို့ဖြစ်ရခြင်းမှာ ပွဲတော်အတွင်း မူးယစ်ဆေးဝါးအလွန်အကျွံအသုံးပြုမှု နှင့် လက်ဝယ်သိမ်းဆည်းထားမှုများ ပျံ့နှံ့လာခြင်းကြောင့်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က သံသယရှိနေသည်။

Homebush ဧရိယာတွင် ပြုလုပ်သော ပွဲတော်တွင် မူးယစ်ဆေးဝါး အလွန်အကျွံအသုံးပြုမှုကြောင့် ၁၉နှစ်အရွယ် အမျိုးသားတစ်ဦး ကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရပြီး ဒီဇင်ဘာ ၉ရက် အစောပိုင်းတွင်သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

မူးယစ်ဆေးဝါး အလွန်အကျွံအသုံးပြုမှုကြောင့် အသက် ၁၉ နှစ် နှင့် ၂၅ နှစ်အရွယ် အမျိုးသမီး ၂ဦး နှင့် အမျိုးသားတစ်ဦးကိုလည်း ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး အခြေအနေစိုးရိမ်ရသော်လည်း ပြန်လည်တည်ငြိမ်လာပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့ပြောကြားခဲ့သည်။

ပွဲတော်အတွင်း အခြားလူ ၁၃၀ဦး ဆေးကုသမှုခံယူခဲ့ရကြောင်း၊ ယင်းပွဲတော်၌ ရဲတပ်ဖွဲ့ဝင်များက တားမြစ်ချက် ၆၉ ခုထုတ်ပြန်ထားကာ ရှာဖွေစစ်ဆေးမှုပေါင်း ၂၀၀ကျော် ပြုလုပ်ခဲ့ပြီး လူ ၆၀ကျော်တွင် မူးယစ်ဆေးဝါးများတွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ပြောကြားခဲ့သည်။

ဆစ်ဒနီအိုလံပစ်ပန်းခြံတွင် ပြုလုပ်သော Knockout Games of Destiny ပွဲတော်သို့ လူပေါင်း ၁၈,၀၀၀ ကျော် တက်ရောက်ခဲ့ကြောင်းသိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117