Connect with us

Asia

ဂျပန်တွင် အင်အား ၅.၃ပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်သွား၊ ဆူနာမီသတိပေးချက်ထုတ်ပြန်ခြင်းမရှိ

ငလျင်တိုင်းတာမှုပုံစံတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

တိုကျို၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ အရှေ့ပိုင်း Mie စီရင်စု ကမ်းရိုးတန်းအလွန်တွင် ဒီဇင်ဘာ ၁၀ရက်က အင်အား ၅.၃ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဂျပန်နိုင်ငံ မိုးလေဝသဌာနက ပြောကြားခဲ့သည်။

ငလျင်သည် ဒေသစံတော်ချိန် နံနက် ၀၀း၂၂နာရီတွင် မြောက်လတ္တီကျု ၃၃.၁ဒီဂရီ နှင့် အရှေ့လောင်ဂျီကျု ၁၃၈ ဒီဂရီကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ငလျင်လှုပ်ခတ်မှုကြောင့် ကြီးမားသော ထိခိုက်ပျက်စီးမှု နှင့် ဒဏ်ရာရရှိမှုသတင်းများထွက်ပေါ်လာခြင်းမရှိသလို ဆူနာမီသတိပေးချက်လည်း ထုတ်ပြန်ထားခြင်းမရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.