ပနားမား စီးတီး ၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ပနားမား နိုင်ငံ သမ္မတ Juan Carlos Varela တို့က ဒီဇင်ဘာ ၃ ရက် တွင် တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ကျင်းပ...
လစ္စဘွန်း ၊ ဒီဇင်ဘာ ၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်၏ ပေါ်တူဂီနိုင်ငံသို့အလည်အပတ်ခရီးစဉ်သည် တရုတ်-ပေါ်တူဂီနှစ်နိုင်ငံဆက်ဆံရေးတွင် သမိုင်းမှတ်တိုင်တစ်ခုစိုက်ထူခြင်းဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးအတွက် စာမျက်နှာသစ်တစ်ခုဖွင့်လှစ်နိုင်လိမ့်မည်ဖြစ်ကြောင်း ပေါ်တူဂီနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Cai Run က ဆိုသည်။
ဒိုဟာ၊ဒီဇင်ဘာလ ၄ ရက်(ဆင်ဟွာ) ကာတာနိုင်ငံက ရေနံတင်ပို့ရောင်းချသောနိုင်ငံများအဖွဲ့(အိုပက်)မှ ၂၀၁၉ ခုနှစ်၊ဇန်နဝါရီလတွင်စတင် နုတ်ထွက်မည်ဖြစ်ကြောင်း ကာတာနိုင်ငံအခြေစိုက် အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေသော Gulf Times သတင်းစာကဒီဇင်ဘာလ ၃ ရက်ကရေးသားဖေါ်ပြခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) ၂၀၁၇-၂၀၁၈ -၂၀၁၉ဘဏ္ဍာနှစ် အတွင်း မသန်စွမ်းသူ ၂၄,၉၈၄ ဦးအတွက် ငွေကြေးထောက်ပံ့ပေးခဲ့ကြောင်း မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။
ဗျူနိုအေးရိစ် ၊ ဒီဇင်ဘာ ၄ ရက်(ဆင်ဟွာ) ကမ္ဘာ့စီးပွားရေးအဓိက နိုင်ငံများမှ ခေါင်းဆောင်များအုပ်စု(G20) ထိပ်သီးအစည်းအဝေးကို နှစ်ရက်တာကျင်းပခဲ့ပြီး ယင်းအခမ်းအနားတွင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က “ ကမ္ဘာ့စီးပွားရေး လမ်းကြောင်းမှန်ပေါ်ရောက်အောင် မောင်းနှင်သွားကြရန်” အဖွဲ့ဝင်နိုင်ငံများအား ဒီဇင်ဘာ ၁ ရက်တွင် တိုက်တွန်းပြောကြားလိုက်သည်။
EL CALAFATE ၊ အာဂျင်တီးနား၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) “ကျွန်တော်တို့ တိုးတက်မှုများစွာ လုပ်ဆောင်နိုင်ခဲ့ပါပြီ” ဟု အာဂျင်တီးနားနိုင်ငံ တောင်ဘက် Santa Cruz ပြည်နယ်ရှိ တရုတ်-အာဂျင်တီးနား ရေအားလျှပ်စစ် စီမံကိန်းကြီး၏ တစ်စိတ်တစ်ပိုင်းဖြစ်သော La Barrancosa ဆည်၏ ဒေသတွင်း မြေမျက်နှာသွင်ပြင်ဆိုင်ရာ...
ရန်ကုန်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် ရခိုင်တိုင်းရင်းသားများအတွက် လူမှုကာကွယ်စောင့်ရှောက်ရေး ထောက်ပံ့ငွေအဖြစ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ကျပ် ၄၅၅ သိန်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) မြန်မာနှင့် နီပေါနိုင်ငံ နှစ်နိုင်ငံကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ တရားဝင် ချစ်ကြည်ရေး ခရီးစဉ်ဆိုင်ရာနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နေပြည်တော်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှုပန်းတိုင်သို့ ရောက်ရှိရန် နယ်မြေဒေသအလိုက် လူမှုဘ၀ ဖူလုံမှုအခြေအနေဆိုင်ရာ အခြေခံ အချက်အလက်များကို ပံ့ပိုးပေးနိုင်ရန် အလွန်အရေးကြီး သည်ဟု အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီး ဌာန ပြည်ထောင်စု...
ပေကျင်း၊ဒီဇင်ဘာ ၃ ရက်(ဆင်ဟွာ) စိန်ခေါ်မှုများမြင့်တက်နေသည့်ကြားမှပင် ၁၃ ကြိမ်မြောက်ဂျီ-၂၀ အစည်းအဝေး၌နိုင်ငံပေါင်း စုံအကျိုးတူမူဝါဒနှင့် ပိုမိုကြီးမားသော စုစည်း မှုတို့ကိုထောက်ခံခဲ့သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှီကျင့်ဖိန် ၏ပြောကြားမှု မှတ်ချက်များအပေါ် ကမ္ဘာတစ်ဝန်းမှပင်ကြီးမားစွာထောက်ခံခဲ့ကြကြောင်းတွေ့ရပေသည်။