Connect with us

Latin America

သမ္မတရှီကျင့်ဖိန်က ကမ္ဘာ့စီးပွားရေးလမ်းကြောင်းမှန်ပေါ်ရောက်အောင် မောင်းနှင်သွားကြရန် G20၌ တိုက်တွန်း

G20 ထိပ်သီးအစည်းအဝေးတွင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်အားတွေ့ ရစဉ်(ဆင်ဟွာ)

ဗျူနိုအေးရိစ် ၊ ဒီဇင်ဘာ ၄ ရက်(ဆင်ဟွာ)

ကမ္ဘာ့စီးပွားရေးအဓိက နိုင်ငံများမှ ခေါင်းဆောင်များအုပ်စု(G20) ထိပ်သီးအစည်းအဝေးကို နှစ်ရက်တာကျင်းပခဲ့ပြီး ယင်းအခမ်းအနားတွင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က “ ကမ္ဘာ့စီးပွားရေး လမ်းကြောင်းမှန်ပေါ်ရောက်အောင် မောင်းနှင်သွားကြရန်” အဖွဲ့ဝင်နိုင်ငံများအား ဒီဇင်ဘာ ၁ ရက်တွင် တိုက်တွန်းပြောကြားလိုက်သည်။

အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်မြို့၌ ကျင်းပသည့် ၁၃ ကြိမ်မြောက် G20 ထိပ်သီးအစည်းအဝေးတွင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က မိန့်ခွန်းပြောကြားရာတွင် ကမ္ဘာ့စီးပွားရေးမှာ အန္တရာယ်များနှင့်ကြုံတွေ့နေရကြောင်း ၊ ဖွံ့ဖြိုးပြီးနိုင်ငံများ နှင့် ဈေးကွက်လျင်လျင်မြန်မြန်ပေါ်ထွန်းလာနေသည့်နိုင်ငံများ၏ ဆောင်ရွက်မှုများက ကမ္ဘာလုံးဆိုင်ရာတိုးတက်မှုကို တွန်းအားပေးနိုင်လိမ့်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

အမျိုးမျိုးသောစိန်ခေါ်မှုများ နှင့် ကမ္ဘာ့အခင်းအကျင်းသည် ပြောင်းလဲလာကြောင်း ရှီက ပြောကြားခဲ့ပြီး G20 အဖွဲ့ဝင်များအနေဖြင့် “ လိုအပ်ချက်အတွက် ကြံ့ခိုင်သန်စွမ်းသူတစ်ဦးဖြစ်စေရန် ၊ ရိုးရှင်းသောပုံစံဖြင့်ချဉ်းကပ်ရန် နှင့် မိမိတို့မြင်နိုင်စွမ်းထက် မိုမိုကြည့်မြင်သုံးသပ်ကြရန်” ထည့်သွင်းပြောကြားခဲ့သည်။

တံခါးဖွင့်ဝါဒ နှင့် အားလုံးပါဝင်ရေးဝါဒ

ခေါင်းစဉ်တွင် “ မိမိတို့မြင်နိုင်စွမ်းထက် ပိုမိုကြည့်မြင်ဆုံးဖြတ်ကြရန် နှင့် ကမ္ဘာ့စီးပွားရေးလမ်းကြောင်းမှန်ပေါ်ရောက်အောင် မောင်းနှင်ရန် ” ဟု သမ္မတရှီက ဆိုသည်။ သို့သော် နိုဝင်ဘာ ၃ဝ တွင် မိန့်ခွန်းပြောကြားရာ၌ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ နှင့် တစ်ဦးတည်းပိုင်ဝါဒ၏ အန္တရာယ်ကြီးမားပုံကိုလည်း ရှီက ထည့်သွင်းပြောကြားခဲ့သည်။

၎င်းက တံခါးဖွင့်ခြင်း နှင့် ပူးပေါင်းဆောင်ရွက်ခြင်း ၊ အားလုံးပါဝင်သော ကုန်သွယ်ရေးစနစ်ထူထောင်ခြင်းအတွက် ကတိကဝတ်ပြုကြရန် G20 အဖွဲ့ဝင်နိုင်ငံများအား အဖြေရှာရေး အချက် ၄ ချက်ကို အဆိုပြုခဲ့သည်။

ကမ္ဘာ့စီးပွားရေးတွင် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ နှင့် တစ်ဦးတည်းပိုင်ဝါဒ ပေါ်ထွန်းနေကြောင်း ၎င်း၏ သတိပေးစကားမှာ အခြားသော G20 ခေါင်းဆောင်များအကြား ပဲ့တင်သံထပ်သဘောတူခဲ့ကြသည်။

“ အားလုံးကောင်းမွန်စေရေးအတွက် ကျွန်တော်တို့အကြားက ကွဲပြားခြားနားချက်တွေကို ကျော်ဖြတ်လုပ်ဆောင်သွားဖို့နဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်သွားကြဖို့ကမ္ဘာ့ခေါင်းဆောင်တွေဟာ အားလုံးအတူတကွ အခွင့်အရေးတွေကို ဆုပ်ကိုင်သွားရမယ့် အချိန်ကျရောက်လို့လာပါပြီ” ဟု အိမ်ရှင် အာဂျင်တီးနားနိုင်ငံသမ္မတ Mauricio က ပြောကြားခဲ့သည်။

“ G20 ရဲ့ စိတ်ဓာတ်ဟာ ဆွေးနွေးမှုစကားဝိုင်းတစ်ခုကို မြှင့်တင်ပေးဖို့ပါပဲ။ အဲဒါကမတူကွဲပြားမှုတွေရဲ့ အပြန်အလှန်လေးစားမှု နဲ့ဘုံအကျိုးစီးပွားအပေါ်အခြေခံပြီး ဂရုတစိုက်လုပ်ဆောင်သွားကြဖို့ပဲဖြစ်ပါတယ် ” ဟု Macri က ဖြည့်စွက်ပြောကြားခဲ့သည်။

ရှီ၏ အဆိုပြုချက်အပေါ် ဘရာဇီးနိုင်ငံ စီးပွားရေးပညာရှင် Julio Miragaya က အားလုံးပါဝင်ရေးဝါဒ၏ အရေးပါပုံမှာ “ ထူးကဲကောင်းမွန်မှုရှိကြောင်း” ပြောကြားခဲ့သည်။ အဘယ့်ကြောင့်ဆိုသော ထိုအရာမရှိပါက စည်းကမ်းမဲ့ပရမ်းပတာဥပဒေကဲ့သို့ဖြစ်၍ နေမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

အာဂျင်တီးနားနိုင်ငံရေးလေ့လာသုံးသပ်သူ နှင့် စာရေးဆရာ Jorge Castro က ရှီ၏ အားလုံးပါဝင်ရေးဝါဒအရေးပါပုံ မိန့်ကြားချက်အပေါ် “ မျက်မှောက်ခေတ်ကုန်သွယ်ရေးကို စကားလုံးများဖြင့် အစစ်အမှန်ဖော်ပြခြင်း ” ဟူ၍ ပြောကြားခဲ့သည်။

“အားလုံးပါဝင်ရေးဝါဒဟာ ယနေ့ကမ္ဘာလုံးဆိုင်ရာစနစ်ရဲ့ ဖြစ်ပျက်နေမှုကို အမှန်တကယ် ထင်ဟပ်စေပါတယ်” ဟု ၎င်းကဆိုသည်။

ရှင်းလင်းသော ရည်မှန်းချက်

မိတ်ဖက်ဆက်ဆံရေး ၊ တီထွင်ဖန်တီးရေး နှင့် အားလုံးပါဝင်ရေး ဟူသော အချက်များအပါအဝင် ရှီ၏ အဖြေရှာခြင်း အဆိုပြုချက် ၄ ထဲတွင် တံခါးဖွင့်ရေး နှင့် အားလုံးပါဝင်ရေး ဝါဒကိုလည်း ဖြည့်စွက် ထည့်သွင်းထားသည်။

တရုတ်သမ္မတသည် မည်သည့်အရာက အမှန်တကယ် လိုအပ်ချက်များဖြစ်သည်ကို ရှင်းလင်းသော ရည်မှန်းချက်ရှိ ကြောင်း Castro က ဆိုသည်။

“ သမ္မတရှီဟာ G20 မှာ လုပ်ဖော်ကိုင်ဖက်တွေကို ပြောခဲ့တာက ကမ္ဘာကြီးဟာအပြောင်းအလဲထဲကို ဝင်ရောက်နေပါပြီ။ ခေတ်သစ်စက်မှုတော်လှန်ရေး အသစ်တစ်ခုဖြစ်နေပါပြီ။ ဒါဟာကမ္ဘာ့နိုင်ငံတွေအတွက် အခွင့်အရေး နဲ့စိန်ခေါ်မှုတစ်ခုပါပဲ ” ဟု ၎င်းကဆိုသည်။

အာဂျင်တီးနားနိုင်ငံ ပြည်သူ့မူဝါဒရေးရာ ကျွမ်းကျင်ပညာရှင် Patricio Giusto က ကိစ္စရပ်များအားဖြေရှင်းရန် ပြည့်စုံကောင်းမွန်သည့် သမ္မတရှီ၏ အရည်အသွေးရှိမှုကိုလည်း မီးမောင်းထိုးပြခဲ့သည်။

“ မိန့်ခွန်းက ခွန်အားအပြည့်နဲ့ရှင်းလင်းတဲ့ သတင်းစကားတစ်ခုကို ပေးခဲ့ပါတယ်။ ဘက်စုံကုန်သွယ်ရေးစနစ် လုံခြုံစိတ်ချစေရေးအတွက် G20 ရဲ့ မူဘောင်နဲ့အတူ တံခါးဖွင့်ခြင်း နဲ့ပူးပေါင်းဆောင်ရွက်ခြင်းရဲ့ အရေးပါပုံကို မီးမောင်းထိုးပြခဲ့တယ်” ဟု အာဂျင်တီးနားနိုင်ငံ Catholic တက္ကသိုလ် မှ ပါမောက္ခတစ်ဦးလည်းဖြစ်သူ Giusto ကဆိုသည်။

“ တရုတ်နိုင်ငံက ညွှန်ပြတဲ့အချက်တွေက အားလုံးပါဝင်ရေးစနစ်ကို အကာအကွယ်ပေးဖို့ပွင့်လင်းတဲ့ပူးပေါင်းဆောင်ရွက်မှုဟာ အင်အားကြီး G20 အဓိကနိုင်ငံတွေမှာ အလောင်းအစားလုပ်နေရသလိုပါပဲ” ဟု ၎င်းကဆိုသည်။

တရုတ်နိုင်ငံ၏ မောင်းနှင်မှုစွမ်းပကား

ပွင့်လင်းစီးပွားရေး နှင့် လွတ်လပ်သောကုန်သွယ်မှုသည် တရုတ်နိုင်ငံ၏ အရှိန်အဟုန်မြင့်ဖွင့်ဖြိုးတိုးတက်ရေးကို မည်ကဲ့သို့ကူညီထောက်ပံ့မှုပေးနေပုံကို သမ္မတရှီက ပြည်သူသန်းပေါင်းများစွာအား ဆင်းရဲနွမ်းပါးမှုနွံမှ ဆွဲတင်နိုင်ခဲ့ကြောင်း မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

“ ယခုနှစ်ဟာ တရုတ်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး နဲ့တံခါးဖွင့်ဝါဒ ကျင့်သုံးရေး နှစ် ၄ဝ ပြည့်အခါသမယဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပေါင်း ၄ဝ အတွင်းမှာ နိုင်ငံတကာရဲ့ ထောက်ခံအားပေးမှုနဲ့အတူ ကျွန်တော်တို့တရုတ်နိုင်ငံဟာ စွဲစွဲမြဲမြဲကြိုးပမ်းအားထုတ်ခြင်းနဲ့ဖွံ့ဖြိုးတိုးတက်မှု အပိုင်းမှာ သမိုင်းဝင် အောင်မြင်မှုတွေ ရအောင်လုပ်နိုင်ခဲ့တယ်” ဟု ရှီက ဆိုသည်။

အာဂျင်တီးနားနိုင်ငံ၏ နိုင်ငံတကာစီးပွားရေးပူးပေါင်းဆောင်ရွက်မှု ကျွမ်းကျင်ပညာရှင် Gonzalo Tordini ၏ ပြောကြားချက်အရ နိုင်ငံအတွင်း တံခါးဖွင့်ဝါဒ နှင့် ပြုပြင်ပြောင်းလဲရေး စတင်လုပ်ဆောင်ခဲ့ချိန်မှ စတင်ကာ ဆင်းရဲနွမ်းပါးမှု လျော့ကျအောင် “ တရုတ်နိုင်ငံရဲ့ ပူးပေါင်းပါဝင်မှုဟာ သိပ်ကိုအရေးပါပါတယ်” ဟုဆိုသည်။

စီးပွားရေးအတိုင်ပင်ခံ Giusto က စီးပွားရေးကမဏ္ဍအသီးသီးအပါအဝင် မကြာသေးခင်ဆယ်စုနှစ်များက ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတွင် တရုတ်နိုင်ငံ ပါဝင်ဆောင်ရွက်မှုသည်“ အလွန်ကြီးကျယ်ခမ်းနား” ကြောင်း ဖော်ပြခဲ့သည်။

“ ကုန်သွယ်မှု ၊ ရင်းနှီးမြှုပ်နှံမှု နဲ့ချေးငွေ ကိစ္စရပ်များအပါအဝင် သူ့ရဲ့ ငွေကြေးဆိုင်ရာအဖွဲ့အစည်းတွေကလုပ်ဆောင်ခဲ့တယ်။ လက်ရှိမှာ တရုတ်နိုင်ငံ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုမှာ တတိယနေရာမှာ ရပ်တည်နေပါတယ်။ လက်တင်အမေရိကတိုက်မှာတော့ သဘာဝစီးပွားရေးဖြည့်စွက်အကောင်အထည်ဖော်ဆောင်ရွက်မှုကို အခြေခံပြီး တရုတ်နိုင်ငံဟာ မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး တစ်ခုရှိပါတယ်” ဟုဆိုသည်။

အာဂျင်တီးနားနိုင်ငံ မဟာဗျူဟာစီမံရေးရာဌာန အကြီးအကဲ Castro က တရုတ်နိုင်ငံသည် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် မောင်းနှင်ပေးသည့် အင်ဂျင်တစ်လုံအဖြစ် အဓိကနေရာတွင်ဆက်လက်ပါဝင်နေမည်ဖြစ်ကြောင်း ဆိုသည်။

“ တရုတ်နိုင်ငံဟာ ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရဲ့ အခြေခံအချက်အချာဖြစ်ပါတယ်။ ပြီးတော့ ခိုင်မာတောင့်တင်းမှု အရှိန်လည်း တိုးလာနေပါတယ်။ တရုတ်နိုင်ငံဟာ ကမ္ဘာ့နိုင်ငံပေါင်း ၁၄၅ နိုင်ငံနဲ့ကုန်သွယ်ဖက်ဖြစ်နေတာက အလကားမဟုတ်ပါဘူး။အဲဒီဖွံ့ဖြိုးမှုကို ဆုပ်ကိုင်ထားဖို့ဆက်သွားနေပါတယ်” ဟု Castro ကဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.