Connect with us

Education & Health

၂၀၁၇-၁၈-၁၉ ခုနှစ်အတွင်း မသန်စွမ်းသူ ၂၄,၉၈၄ ဦးအတွက် ငွေကြေးထောက်ပံ့

၂၀၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပစဉ်(သမ္မတရုံး)

ရန်ကုန်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)

၂၀၁၇-၂၀၁၈ -၂၀၁၉ဘဏ္ဍာနှစ် အတွင်း မသန်စွမ်းသူ ၂၄,၉၈၄ ဦးအတွက် ငွေကြေးထောက်ပံ့ပေးခဲ့ကြောင်း မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အတွင်း ၁၂၈၅၅ ဦး၊ ၂၀၁၈-၂၀၁၉(၆)လ ဘဏ္ဍာနှစ် အတွင်း ၁၂၁၂၉ဦး စုစုပေါင်း ၂၄၉၈၄ ဦးကို ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း၊ မသန်စွမ်းမှုနှင့် ဆက်စပ်သည့် မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်နေပြီး မိုင်းဒဏ်သင့်ပြည်သူများကို ၂၀၁၇- ၂၀၁၈ဘဏ္ဍာနှစ်မှစတင်၍ ငွေကြေးထောက်ပံ့ပေးခဲ့ရာ ကချင်ပြည်နယ်တွင် (၁၁၂) ဦး၊ ကယားပြည်နယ်တွင်(၁၆)ဦး၊ ကရင်ပြည်နယ်တွင်(၃၉)ဦး၊ ရှမ်းပြည်နယ်တွင် (၈၅)ဦး၊ ပဲခူးတိုင်းဒေသကြီးတွင်(၆၂)ဦး၊ တနင်္သာရီတိုင်းဒေသကြီးတွင် (၈၆)ဦးစုစုပေါင်း(၄၀၀) ကို ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း ၎င်းကဆိုသည်။

၂၀၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားကို ဒီဇင်ဘာ ၃ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန – ၂ ၌ ကျင်းပရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကားပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့်လည်း မသန်စွမ်းသူများ၏ လူ့အခွင့်အရေးများကို ပိုမိုအလေး ထားဆောင်ရွက်နိုင်ရေးအတွက် မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းကို ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ (၇)ရက်တွင် အတည်ပြုလက်မှတ်ရေးထိုးခဲ့ပါ ကြောင်း။ ထို့နောက်ကွန်ဗင်းရှင်းနှင့်အညီမသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ(၂၀၁၅)၊ မသန်စွမ်းသူများ၏ အခွင့်အရေးနည်းဥပဒေများ(၂၀၁၇)၊ မသန်စွမ်းသူများဖွံ့ဖြိုးတိုး တက်ရေးမဟာဗျူဟာ(၂၀၁၆-၂၀၂၅)ကိုအတည်ပြုချမှတ်နိုင်ခဲ့ကြောင်း သိရသည်။

နည်းပညာခေတ်နှင့် အညီဉာဏ်ရည်ချို့ယွင်းမသန်စွမ်းသူအပါအဝင် မသန်စွမ်းသူ များအနေဖြင့် နည်းပညာ၏အကူအညီဖြင့် အလုပ်အကိုင်အခွင့်အလမ်းရရှိမှု ပိုမိုမြင့်မား စေရန်နှင့် သတင်းအချက်အလက်များကို လက်လှမ်းမီသိရှိနိုင်ရန် Information, Communication, Technology Training Center ကိုဖွင့်လှစ်၍ သင်တန်းများ ပို့ချပေးလျက်ရှိ ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.