ဘန်ကောက်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ၂၀၁၁ ခုနှစ်က ရေလွှမ်းမိုးမှုဖြစ်ပွားစဉ် မွေးမြူရေးခြံတစ်ခုမှ လွတ်သွားသော မိကျောင်းများ၏ အကောင်ပေါက်များဖြစ်နိုင်သော မိကျောင်း နှစ်ကောင်အား တောလိုက်အဖွဲ့တစ်ဖွဲ့မှ ဖမ်းမိခဲ့ကြောင်း အောက်တိုဘာလ ၂၀ ရက် သတင်းများအရ သိရသည်။
ဝူဟန့် ၊ အောက်တိုဘာ ၂၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမှ တီထွင်ထုတ်လုပ်သော ကုန်းရေနှစ်သွယ်သွား AG600 လေယာဉ်ကြီးသည် အောက်တို ဘာ ၂၀ ရက် နံနက်ပိုင်းက ဟူပေပြည်နယ် ကျင်းမန်ကျန်းဟောလေဆိပ်တွင် ရေပြင်မှ တစ်ဆင့် ပထမဆုံး အောင်မြင်စွာ စမ်းသပ်ပျံသန်းမောင်းနှင်နိုင်ခဲ့ခြင်းအပေါ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဂုဏ်ပြုသဝဏ်လွှာ...
ဘန်ကောက်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ အလယ်ပိုင်း၌ အောက်တိုဘာလ ၂၁ ရက်တွင် ဗင်ကားတစ်စီးသည် သစ်ပင်ကို ဝင်တိုက်ကာ မီးလောင်ကျွမ်းခဲ့ပြီးနောက် မြန်မာ အလုပ်သမား ၉ ဦး သေဆုံး၍ အခြားလူ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဘူဂျာ ၊ အောက်တိုဘာ ၂၁ ရက်(ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်း Kadunaပြည်နယ်တွင် လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်က ဖြစ်ပွားသည့် လူမျိုးစုပဋိပက္ခကြောင့် သေဆုံးသူ အနည်းဆုံး ၅၅ ဦး ရှိကြောင်း ရဲတပ်ဖွဲ့က အောက်တိုဘာ ၂၀ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
ရှန်ဟိုင်း၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲ (China International Import Expo) အတွက် လူပေါင်း ၅,၄၀၀ ကျော် စေတနာ့ဝန်ထမ်းအဖြစ် ကတိသစ္စာပြုခဲ့ကြောင်း တရုတ်နိုင်ငံ ကွန်မြူနစ်လူငယ်များအဖွဲ့ချုပ်၏ ရှန်ဟိုင်း စည်ပင်သာယာကော်မတီအရ သိရသည်။
စင်ကာပူ ၊ အောက်တိုဘာ ၂၁ ရက်(ဆင်ဟွာ) ၅ ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအသင်း(ASEAN) ဝန်ကြီးများ၏ အစည်းအဝေး(ADMM)- (+) ဆက်စပ်အစည်းအဝေးကို စင်ကာပူနိုင်ငံ၌ အောက်တိုဘာ ၂ဝ ရက်တွင် စတင်ကျင်းပခဲ့ပြီး တရုတ်နိုင်ငံနိုင်ငံတော်ကောင်စီဝင် နှင့် ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး Wei Fenghe လည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
ဒမက်စကက်စ် ၊ အောက်တိုဘာ ၂၁ ရက်(ဆင်ဟွာ) အမေရိကန်ဦးဆောင်သည့် နိုင်ငံတကာမဟာမိတ်တပ်များက လွန်ခဲ့သော ၂၄ နာရီအတွင်း ဆီးရီးယား နိုင်ငံ အရှေ့ပိုင်းDeir ez-Zorပြည်နယ်ကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ အရပ်သားပြည်သူ အနည်းဆုံး ၆၂ ဦး သေဆုံးပြီး လူပေါင်းဒါဇင်နှင့်ချီ ဒဏ်ရာရရှိခဲ့ကြောင်း ဆီးရီးယား မီဒီယာများက ဆိုသည်။
ဝါရှင်တန် ၊ အောက်တိုဘာ ၂၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က အမေရိကန်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံနှင့် ပြုလုပ်ထားသော ဆယ်စုနှစ်များစွာ ရှိခဲ့သည့် မဟာဗျူဟာမြောက်လက်နက်များတပ်ဆင်ခြင်း ကန့်သတ်ရေး တာလတ်ပစ်နျူကလီးယားဒုံးကျည်အစီအစဉ်(INF) သဘောတူညီချက်မှ နုတ်ထွက်မည်ဟု အောက်တိုဘာ ၂ဝ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ကဘူးလ်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ မဲရုံများအနီးတွင် အောက်တိုဘာလ ၂၀ ရက်က ပေါက်ကွဲမှု လေးခုဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၂ ဦးအပါအဝင် လူ ၄ ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း အာဖဂန် တာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။
ရန်ကုန် ၊ အောက်တိုဘာ ၂၀ ရက်(ဆင်ဟွာ) ထိုင်းပင်လယ်ကွေ့တွင် ဖြစ်ပေါ်နေသော အပူပိုင်း မုန်တိုင်းငယ်(Tropical Depression)၏ အရှိန်ကြောင့် ယနေ့ မွန်းလွဲမှ နောက်(၂၄)နာရီအတွင်း တိုင်းဒေသကြီး/ပြည်နယ် ၇ ခုတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု...