Connect with us

North America

ရုရှားနိုင်ငံနှင့်ပြုလုပ်ထားသော နျူကလီးယားသဘောတူညီချက်မှ အမေရိကန်နုတ်ထွက်မည်ဟု ထရမ့်ပြော

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်(ဝဲ)နှင့် ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်(ယာ) တို့ အားတွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ အောက်တိုဘာ ၂၁ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က အမေရိကန်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံနှင့် ပြုလုပ်ထားသော ဆယ်စုနှစ်များစွာ ရှိခဲ့သည့် မဟာဗျူဟာမြောက်လက်နက်များတပ်ဆင်ခြင်း ကန့်သတ်ရေး တာလတ်ပစ်နျူကလီးယားဒုံးကျည်အစီအစဉ်(INF) သဘောတူညီချက်မှ နုတ်ထွက်မည်ဟု အောက်တိုဘာ ၂ဝ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

နီဗားဒါးပြည်နယ်၌ ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတစ်ခုအပြီး သတင်းသမားများနှင့်တွေ့ဆုံစဉ် ထရမ့်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ သက်သေပြချက်တစ်စုံတစ်ရာ ဖော်ပြခြင်းမရှိဘဲ ၁၉၈၇ ခုနှစ် သဘောတူညီချက်ကို ရုရှားနိုင်ငံက ချိုးဖောက်နေကြောင်း ၎င်းကဆိုသည်။“ သဘောတူညီချက်ဟာ နှစ်ပေါင်းများစွား ချိုးဖောက်ခံနေရတယ်” ဟု ထရမ့်က ဆိုသည်။“ ကျွန်တော်တို့အနေနဲ့အဲဒီလက်နက်တွေကို ထုတ်လုပ်သွားရမှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံအနေဖြင့် အဆိုပါ အရေးပါသောသဘောတူညီချက်မှ နုတ်ထွက်မည့်အစီအစဉ်နှင့်ပတ်သက်၍ ရုရှားနိုင်ငံခေါင်းဆောင်များအား အသိပေးစကားပြောကြားရန် အောက်တိုဘာ ၂ဝ ရက်က အမေရိကန်နိုင်ငံအမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘိုလ်တန်သည် ရုရှားနိုင်ငံသို့ထွက်ခွားသွားပြီးနောက်တွင် ထရမ့်၏ မှတ်ချက်စကားထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

INF (Intermediate-Range Nuclear Forces) သဘောတူညီချက်ကို ယခင်ဆိုဗီးယက်ယူနီယံခေါင်းဆောင် နှင့် အမေရိကန်နိုင်ငံခေါင်းဆောင်တို့က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး ယင်းသဘောတူညီချက်တွင် မြေပြင်မှ ပဲ့ထိန်းဒုံးကျည်စမ်းသပ်ပစ်လွှတ်မှု နှင့် တီထွင်ထုတ်လုပ်မှု ( သို့မဟုတ်) အကွာအဝေး ၃ဝဝမိုင် ( ၄၈၃ ကီလိုမီတာ) နှင့် ၃၄ဝဝ မိုင် ( ၅၄၇၂ ကီလိုမီတာ) အကြား ရောက်ရှိအောင်ပစ်ခတ်နိုင်သည့် ခရုဒုံကျည်းများ ထုတ်လုပ်ခြင်း ၊ စမ်းသပ်ခြင်းများ မပြုလုပ်ရန် ပါရှိကြောင်း သိရသည်။

အဆိုပါသဘာတူညီချက်ကို ချိုးဖောက်နေကြောင်း ရုရှား နှင့် အမေရိကန် တို့သည် အပြန်အလှန် စွပ်စွဲနေကြသည်။ပြီးခဲ့သော မေလတွင် ရုရှားနိုင်ငံစစ်တပ်အရာရှိတစ်ဦးက အမေရိကန်နိုင်ငံအနေဖြင့် ဒုံးကျည်ကာကွယ်ရေးစနစ်များ စမ်းသပ်ခြင်း နှင့် INF သဘောတူညီချက်က တားမြစ်ထားသော ဒုံးကျည်များ ထုတ်လုပ်နေခြင်းကို ဆက်လက်ပြုလုပ်နေကြောင်း ပြောကြားခဲ့သည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117