Connect with us

Asia

ထိုင်းနိုင်ငံအလယ်ပိုင်းတွင် ဗင်ကားတိုက်မှုကြောင့် မြန်မာအလုပ်သမား ၉ ဦးသေဆုံး ၇ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံ တာ့ပြည်နယ်တွင် သစ်ပင်အား တိုက်မိကာ မီးလောင်ကျွမ်းနေသည့် ဗင်ကားအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ အလယ်ပိုင်း၌ အောက်တိုဘာလ ၂၁ ရက်တွင် ဗင်ကားတစ်စီးသည် သစ်ပင်ကို ဝင်တိုက်ကာ မီးလောင်ကျွမ်းခဲ့ပြီးနောက် မြန်မာ အလုပ်သမား ၉ ဦး သေဆုံး၍ အခြားလူ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဗင်ကားသည် လူ ၁၆ ဦး တင်ဆောင်လာခြင်းဖြစ်ပြီး ထိုင်းနိုင်ငံ အနောက်ပိုင်း တာ့ပြည်နယ်အား ဦးတည်သွားနေခြင်း ဖြစ်သည်။ ဗင်ကားသည် Kamphaeng Phet ပြည်နယ်တွင် ရုတ်တရက်ကွေ့လိုက်ရာမှ လမ်းနံဘေးရှိ သစ်ပင်အား ဝင်တိုက်မိခဲ့ခြင်း ဖြစ်သည်။မီးသတ်သမားများက မီးလောင်ကျွမ်းနေသော ဗင်ကားကို မီးငြှိမ်းသတ်ခဲ့ရပြီး ရှေ့ခုံများတွင် ထိုင်နေသူ ၉ ဦးအား သေဆုံးနေသည်ကို တွေ့ရကြောင်း၊ ယာဉ်မောင်းအပါအဝင် အခြားလူ ၇ ဦးမှာ ဒဏ်ရာရရှိထားပြီး ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သတင်းများအရ သိရသည်။

ဒေသခံသတင်းများအရ သေဆုံးသူအားလုံးမှာ မြန်မာ အလုပ်သမားများဖြစ်ကြောင်း သိရသည်။ ကနဦးစုံစမ်းစစ်ဆေးမှုများအရ မိုးသည်းထန်စွာ ရွာနေပြီး ယာဉ်မောင်းက အိပ်ပျော်သွားသည့်အတွက် ယာဉ်ကို မထိန်းနိုင်ဘဲ ယခုလိုတိုက်မိသွားခဲ့သည်ဟု ဆိုသည်။နောက်ထပ် စုံစမ်းစစ်ဆေးမှုများအား ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)