ရန်ကုန်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) ယနေ့နံနက် ၈း၀၆နာရီ ခန့်တွင် ပြည်မြို့ ၏ အနောက်မြောက်ဘက် (၁၅) မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၇)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
တိုကျို၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) ယနေ့ (စက်တင်ဘာလ ၁၅ ရက်) နံနက်ပိုင်းက မြောက်ကိုရီးယားနိုင်ငံမှ ပစ်လွှတ်လိုက်သော ဒုံးကျည်သည် ဂျပန်နိုင်ငံ မြောက်ပိုင်းအပေါ် ဖြတ်ကာ ပစိဖိတ်သမုဒ္ဒရာသို့ ကျသွားခဲ့ကြောင်း ဂျပန် အစိုးရက ပြောကြားခဲ့သည်။
နေပြည်တော်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) ဟောင်ကောင် အုပ်ချုပ်ရေးမှူးချုပ် Mrs. Carrie Lam နှင့် အဖွဲ့သည် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော် သမ္မတ အိမ်တော်၊ သံတမန်ဆောင် ခန်းမ၌ ယနေ့ နံနက် ၁ဝ း ၀၀...
ရန်ကုန်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၈)ရပ်ကွက်၊ အဲမွန်ဒရာလမ်းရှိ နေအိမ်(၃)လုံးသည် ယနေ့ စက်တင်ဘာ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနထံမှ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ရရှိရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အထူးကြိုးပမ်း လုပ်ဆောင်နေကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်က အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားသို့ စက်တင်ဘာ ၁၅ ရက်နေ့က ပေးပို့ထားသော သဝဏ်လွှာတွင်ထည့်သွင်းပြောကြားထားသည်။
ရန်ကုန်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် ၁၄ကြိမ်မြောက် အာဆီယံ ယူ-၁၈ ဘောလုံး ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ယနေ့ သုဝဏ္ဏ အားကစားကွင်းတွင် ကျင်းပသွားမည်ဖြစ်ပြီး အိမ်ရှင်မြန်မာအသင်းသည် မလေးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကာ ပွဲအပြီးတွင် အပြန်ကားများစီစဉ်ပေးထားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ၏ သတင်းထုတ်ပြန်ချက်အရ...
စင်ကာပူ၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) စင်ကာပူနိုင်ငံ၏ ရွေးကောက်ခံ သမ္မတ Halimah Yacob သည် သမ္မတအိမ်တော် Istana တွင် စက်တင်ဘာလ ၁၄ ရက် ညပိုင်းက က နိုင်ငံ၏ ၈ ယောက်မြောက် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား လေကြောင်းတိုးချဲ့ပျံသန်းရေးနှင့် ပတ်သက်ပြီး ဆွေးနွေး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး မစ္စတာဘူလောင်တို့ စက်တင်ဘာ ၁၃ ရက်တွင်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ စက်တင်ဘာ ၁၄ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ်အကောင်အထည် ဖော်ဆောင်ရွက်ရေး ကော်မတီသည် သက်ဆိုင်ရာ ကော်မတီဝင် ဝန်ကြီးဌာနများအလိုက် ကွင်းဆင်းလေ့လာသုံးသပ်ခြင်းကို ရက်သတ္တပတ် (၂)ပတ်အတွင်းအပြီး ဆောင်ရွက်မည်ဖြစ်ကြောင်း ကော်မတီ၏ ပထမ အကြိမ် အစည်းအဝေးမှ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) အားကောင်းသော အပူပိုင်းမုန်တိုင်းငယ်၏ အကြွင်းအကျန်တိမ်တိုက်များကြောင့် (၁၆.၉.၂၀၁၇) ရက်နေ့မှ (၁၉.၉.၂၀၁၇)ရက်နေ့အတွင်း တိုင်းဒေသကြီး နှင့် ပြည်နယ်တချို့တွင် ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းနှင့် လေပြင်း တိုက်ခတ်ခြင်းများ ဖြစ်ပေါ် နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ...