Connect with us

Africa & Middle East

ကင်ညာတွင် ခရီးသည်တင်ယာဉ်နှင့် ထရပ်ကား တိုက်မိမှုကြောင့် လူ ၁၁ ဦး သေဆုံး

ကင်ညာတွင် ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုအား တွေ့ရစဉ်(ဆင်ဟွာ)

နိုင်ရိုဘီ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ)

ကင်ညာနိုင်ငံ အနောက်ပိုင်း Nakuru ကောင်တီတွင် စက်တင်ဘာ ၂၉ ရက် ညပိုင်းက မော်တော်ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ရာ အနည်ဆုံး လူ ၁၁ ဦး သေဆုံးပြီး လူ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ကင်ညာအရာရှိတစ်ဦးက စက်တင်ဘာ ၃၀ ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။

နိုင်ရိုဘီ-Nakuru အမြန်လမ်း ရှိ Gilgilမြို့နားတွင် ခရီးသည်တင်ယာဉ်တစ်စီးနှင့် မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသော ထရပ်ကား တိုက်မိရာ အနည်းဆုံး လူ ၁၁ ဦး သေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြောင်း Gilgilမြို့ ရဲအရာရှိ Emmanuel Opuruက ဆင်ဟွာကို ဖုန်းဖြင့် ပြောကြားခဲ့သည်။

လက်ရှိတွင် သက်ဆိုင်ရာ ဌာနက အချင်းဖြစ်ပွားသည့် အကြောင်းအရာကို စုံစမ်းစစ်ဆေးမှုများပြုလုပ် နေကြောင်း သိရသည်။

ကင်ညာနိုင်ငံရှိ ဒေသအများအပြားတွင် လမ်းကျဉ်းမြောင်းခြင်း၊ပြုပြင်ထိန်းသိမ်းမှုမရှိခြင်းနှင့် မော်တော် ယာဉ် ကောင်းမွန်မှုမရှိခြင်း ၊ အရှိန်လွန် ဝန်ပိုတင်ဆောင် မောင်းနှင်ခြင်းများကြောင့် ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ နှစ်စဉ် ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၃၀၀၀ ခန့်ရှိကြောင်း ကင်ညာနိုင်ငံ လမ်းပန်းဆက်သွယ်ရေး စီမံခန့်ခွဲမှု ဌာန၏ စာရင်းများ အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.