Connect with us

Politics, Law & Military

မိုးကုတ်မြို့၌ သိန်းပေါင်း လေးသောင်းကျော် တန်ဖိုးရှိ ဘိန်းဖြူများနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ

ဖမ်းဆီးရမိသော ဘိန်းဖြူများနှင့် စိတ်ကြွရူးသွပ်ဆေးပြားများအား တွေ့ရစဉ်(CCDAC Mynamar)

ရန်ကုန်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)

မိုးကုတ်မြို့နယ်၊ လယ်ကြီးရဲကင်းစခန်းရှေ့တွင် ပိတ်ဆို့ရှာဖွေစစ်ဆေးရာမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၂၁၀,၀၀၀ ပြားနှင့် ဘိန်းဖြူ ၄.၈၈၄ ကီလို (စုစုပေါင်းတန်ဖိုး ကျပ် ၄၁,၁၈၄ သိန်း)ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

မိုးကုတ်မြို့နယ်၊ လယ်ကြီးရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များနှင့် တပ်မတော်(လယ်ကြီးတပ်စခန်း)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၃၀ရက် ညပိုင်းတွင် ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်နေစဉ် ဝါးရုံတောဘက်မှ ထွက်လာသည့် ဆိုင်ကယ် ၅ စီးမှာ အစစ်ဆေးမခံဘဲ မောင်းနှင်ထွက်ပြေးသွားသဖြင့် လိုက်လံပိတ်ဆို့ရှာဖွေခဲ့ကြောင်း၊ထိုသို့ ရှာဖွေစဉ် ဖြူရောင်ကျေးရွာအနီး ဝါးရုံတောအတွင်း ဆိုင်ကယ် ၂ စီး ရပ်ထားပြီး လူထွက်ပြေးသဖြင့် ဆိုင်ကယ်ပေါ်ရှိ ဆာလာအိတ်အတွင်းမှ WY ပန်းရောင် စိတ်ကြွဆေးပြား ၆၀၀,၀၀၀ ပြားနှင့် ဆပ်ပြာခွက် ၁၃၂ ခွက်ဖြင့်ထည့်ထားသည့် ၁.၅၈၄ ကီလို တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ လိုက်လံရှာဖွေဖမ်းဆီးခဲ့ရာ ညောင်ကုန်းကျေးရွာအနီး လျှိုအတွင်းရှိ ခြုံပုတ်ထဲတွင် ဆိုင်ကယ် ၂ စီး ထပ်မံတွေ့ရှိရပြီး ဆိုင်ကယ်ပေါ်ရှိ ဆာလာအိတ်အတွင်းမှ WY ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား ၃၇၀,၀၀၀ ပြားနှင့် ဆပ်ပြာခွက် ၁၆၅ ခွက်ဖြင့်ထည့်ထားသော ဘိန်းဖြူ ၁.၉၈ ကီလိုသိမ်းဆည်း ရမိသည့်အပြင် လျှိုအတွင်း ပုန်းအောင်းနေသည့် ဂူပါး ၂၄ နှစ် အား ဆိုင်ကယ်နှင့်အတူ တွေ့ရှိ ရှာဖွေရာ ဆိုင်ကယ်ပေါ်ရှိ ဆာလာအိတ်အတွင်းမှ WY ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၄၀,၀၀၀ ပြားနှင့် ဆပ်ပြာ ခွက် ၁၁၀ ခွက်ဖြင့်ထည့်ထားသည့် ဘိန်းဖြူ ၁.၃၂ ကီလို ထပ်မံတွေ့ရှိ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသော စိတ်ကြွဆေးပြား စုစုပေါင်း ၁,၂၁၀,၀၀၀ ပြား(ဒေသကာလပေါက်ဈေး တန်ဖိုး ကျပ် ၃၆,၃၀၀ သိန်း)နှင့် ဘိန်းဖြူ ၄.၈၈၄ ကီလို(ဒေသကာလပေါက်ဈေး တန်ဖိုး ကျပ် ၄,၈၈၄ သိန်း)တို့ နှင့်စပ်လျဉ်း၍ ကွင်းဆက် ဆက်လက်ဖော်ထုတ်စစ်ဆေးလျက်ရှိပြီး မိုးကုတ်မြို့မရဲစခန်း မယ(ပ)၁၂၁/ ၂၀၁၈၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့် အရေးယူ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.