Connect with us

Asia

အန်ကောဝပ် ဘုရားကျောင်းသို့ ၂ဝ၁၈ ခုနှစ် ပထမ ၉ လအတွင်း ကမ္ဘာလှည့်ခရီးသည် ၁.၉ သန်း ဝင်ရောက်ခဲ့

ကမ္ဘောဒီးယားနိုင်ငံ၏ နာမည်ကျော် အန်ကောဝပ်ဘုရားကျောင်းအားတွေ့ ရစဉ်(ဆင်ဟွာ)

ဖနွမ်းပင် ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ၏ နာမည်ကျော် အန်ကောဝပ်ဘုရားကျောင်းသို့၂ဝ၁၈ ခုနှစ် ပထမ ၉ လအတွင်း ကမ္ဘာလှည့်ခရီးသည် ၁.၉ သန်းဝင်ရောက်ခဲ့ကြောင်း ၊ ယင်းပမာဏမှာ ယခင်နှစ် အလားတူ ကာလထက် ၈.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ယနေ့အောက်တိုဘာ ၁ ရက်တွင်ထုတ်ပြန်သည့် ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။

ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင် ဘုရားကျောင်းနယ်မြေသို့ဝင်ရောက်လည်ပတ်ရန် ယခုနှစ် ဇန်နဝါရီလ မှ စက်တင်ဘာလအထိ လက်မှတ်ရောင်းရငွေမှာ အမေရိကန်ဒေါ်လာ ၈၅.၅ သန်း ရှိခဲ့ရာ ယခင်နှစ်အလားတူကာလထက် ဝင်ငွေ ၁၃ ရာခိုင်နှုန်းပိုမို များခဲ့ကြောင်း နိုင်ငံပိုင်း အန်ကာအင်တာပရိုက် သတင်းထုတ်ပြန်ချက်တစ်စောင်က ဆိုသည်။

အဆိုပါ ဘုရားကျောင်းနယ်မြေသို့တရုတ်နိုင်ငံမှ ကမ္ဘာလှည့်ခရီးသည်များ အများဆုံး လာရောက်ခဲ့ကြပြီး တောင်ကိုရီးယား နှင့် အမေရိကန်နိုင်ငံများက ဒုတိယ နှင့် တတိယ နေရာများတွင် အသီးသီး ရပ်တည်နေကြောင်း သိရသည်။

အန်ကောဝပ်ဘုရားကျောင်း ပရဝဏ် တစ်ရက်တာ ဝင်ခွင့်လက်မှတ် တစ်စောင်လျှင် အမေရိကန်ဒေါ်လာ ၃၇ ဒေါ်လာ ရှိပြီး ၊ နှစ်ရက်တာအတွက် ၆၂ ဒေါ်လာ နှင့် တစ်ပတ်တာ ဝင်ခွင့်အတွက် ၇၂ ဒေါ်လာ ပေးဆောင်ရကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်း ဆီယမ်ရိ(Siem Reap) ပြည်နယ်အတွင်းတည်ရှိသော အန်ကောဝပ်ရှေးဟောင်းနယ်မြေသည် ၁၉၉၂ ခုနှစ်တွင် ကုလသမဂ္ဂယူနက်စကို(UNESCO) ၏ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ခဲ့ပြီး နိုင်ငံ၏အထင်ရှားကျော်ကြားဆုံး ကမ္ဘာလှည့်ခရီးသွားနေရာတစ်ခုဖြစ်လာကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.